စစ်ကိုင်းမြို့နယ်၊ ညောင်ငုတ်တိုကျေးရွာ မိဘမဲ့ဂေဟာမှ စေတနာ့ဝန်ထမ်းဆရာမတစ်ဦးအား PDF အမည်ခံအကြမ်းဖက်သမားများက သေနတ်ဖြင့်ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်၊ ကျေးရွာအတွင်းရှိ ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီး

စစ်ကိုင်းမြို့နယ်၊ ညောင်ငုတ်တိုကျေးရွာ မိဘမဲ့ဂေဟာမှ စေတနာ့ဝန်ထမ်းဆရာမတစ်ဦးအား PDF အမည်ခံအကြမ်းဖက်သမားများက သေနတ်ဖြင့်ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်၊ ကျေးရွာအတွင်းရှိ ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီး

နေပြည်တော်၊ ဧပြီ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ညောင်ငုတ်တိုကျေးရွာရှိ “သစ္စာရွှေဂူ” ဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်ထားသည့် “မေတ္တာရိပ်”မိဘမဲ့ဂေဟာမှ စေတနာ့ဝန်ထမ်း ဆရာမတစ်ဦးအား PDF အမည်ခံအကြမ်းဖက်သမားများက သေနတ်ဖြင့် ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ပြီး ကျေးရွာအတွင်းရှိ ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီလ ၆ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် စစ်ကိုင်းမြို့နယ်၊ ညောင်ငုတ်တိုကျေးရွာအတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများက ဝင်ရောက်လာပြီး ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးနေကြောင်း  သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ ကျေးရွာအဝင်သို့ရောက်ရှိစဉ် အကြမ်းဖက်သမားများက လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်လုပ်မိုင်း ၁၀ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ပြီး လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ အကြမ်းဖက်သမားများသည် ညောင်ငုတ်တိုကျေးရွာ၏ အရှေ့မြောက်ဘက် သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကျေးရွာအတွင်း ဝင်ရောက်၍ အကြမ်း ဖက်သမားများ မီးရှို့ဖျက်ဆီးခဲ့သည့်နေအိမ်များအား ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့သော်လည်း နေအိမ် ၁၃ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။ ထို့ပြင် အဆိုပါကျေးရွာရှိ “သစ္စာရွှေဂူ” ဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်ထားသည့် “မေတ္တာရိပ်” မိဘမဲ့ဂေဟာရှိ မိဘမဲ့ကလေးများ အား စာသင်ကြားပေးနေသည့် စေတနာ့ဝန်ထမ်း ဆရာမ ဒေါ်ဟေမာ(၄၈)နှစ်သည် အကြမ်း ဖက်သမားများ၏ သေနတ်ဖြင့်ပစ်ခတ်ခဲ့မှုကြောင့် ရင်အုံကျည်ထိမှန်ဒဏ်ရာ ၂ ချက်၊ ဆီးခုံကျည်ထိမှန်ဒဏ်ရာ ၂ ချက်၊ ဝမ်းဗိုက်နှင့် ညာဒူးတို့တွင် ကျည်ထိမှန်ဒဏ်ရာတစ်ချက်စီ ရရှိကာ သေဆုံးခဲ့ကြောင်းနှင့် “သစ္စာရွှေဂူ” ဘုန်းတော်ကြီးကျောင်းအတွင်း၌ သံဃာတော် ၄ ပါး၊ သာမဏေ ၁၀ ပါး၊ ဆရာ၊ ဆရာမ ၁၇ ဦး၊ ကလေးငယ် ၆၄  ဦးနှင့် ကိုယ်ဝန်ဆောင် ၁ ဦးတို့ကို တွေ့ရှိရပြီး ကျေးရွာနေပြည်သူအချို့မှာ အကြမ်းဖက်သမားများ၏ အန္တရာယ်ကို ကြောက်ရွံ့၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရှိရသည်။

ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကျေးရွာအတွင်း ကျန်ရှိသည့် ဆရာတော်၊ သံဃာတော်များအပါအဝင် ပြည်သူလူထုများအား ညောင်ငုတ်တိုကျေးရွာ အခြေခံပညာမူလ တန်းကျောင်း၌ ယာယီနေရာချထားပေးပြီး ၎င်းတို့၏လုံခြုံရေးအတွက် ဆောင်ရွက်ပေး လျက်ရှိကြောင်းနှင့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။