နှစ်နှစ်ဆက်ချန်ပီယံအဖြစ် မှတ်တမ်းရေးထိုးမည်ဖြစ်ကြောင်း ရှမ်းယူနိုက်တက်အသင်းတိုက်စစ်မှူး ဒွေးကိုကိုချစ်ဖွင့်ဟ

ရန်ကုန်၊ ဘောလုံး

ယခုနှစ်ဘောလုံးရာသီ မြန်မာနေရှင်နယ်လိဂ် နောက်ဆုံးပွဲစဉ်တွင် ရှမ်းယူနိုက် တက်အသင်း အနေဖြင့် ရတနာပုံအသင်းကို အနိုင်ယူပြီး နှစ်နှစ်ဆက်ချန်ပီယံအဖြစ် မှတ်တမ်းရေးထိုး မည်ဖြစ် ကြောင်း တိုက်စစ်မှူး ဒွေးကိုကိုချစ်က ပြောသည်။

လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက် အသင်းသည် မြန်မာနေရှင်နယ်လိဂ် နောက်ဆုံးပွဲစဉ်အဖြစ်   အောက်တိုဘာ ၁ ရက်တွင် YUSC မြက်ခင်းတုကွင်း၌ ရတနာပုံအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ရှမ်းယူနိုက်တက်အသင်းသည် လက်ရှိတွင် ရမှတ် ၄၁ မှတ်ဖြင့် အမှတ်ပေးဇယား ထိပ်ဆုံး၌  ရပ်တည်နေပြီး အဆင့်(၂) နေရာမှ ဟံသာဝတီယူနိုက်တက်အသင်းကို တစ်မှတ်၊ အဆင့် (၃)နေရာမှ ဧရာဝတီ ယူနိုက်တက်အသင်းကို နှစ်မှတ်ဖြတ်ကာ အမှတ်ပေးချန်ပီယံဆုရရှိရန် အခွင့်အရေး ကောင်း ပိုင်ဆိုင်ထားသည်။

“ကျွန်တော်တို့အတွက် ချန်ပီယံဆုရယူ ဖို့အခွင့်အရေးက လက်တစ်ကမ်းမှာရှိပါတယ်။ နှစ်နှစ်ဆက် ချန်ပီယံအဖြစ် မှတ်တမ်းရေးထိုးနိုင်ဖို့  ကြိုးစားပါမယ်” ဟု ဒွေးကိုကိုချစ်က ပြောသည်။

ရှမ်းယူနိုက်တက်အသင်းသည်၂၀၁၇ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင် မြန်မာနေရှင်နယ်လိဂ်  အမှတ်ပေး ချန်ပီယံဆုရရှိခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ပြိုင်ပွဲချန်ပီယံဆုကိုလည်း ရရှိခဲ့ ကြောင်း သိရသည်။                            

ကိုရဲ