တောင်တရုတ်ပင်လယ် ငြိမ်းချမ်းစေရေး သည်းခံမှုကိုကျင့်သုံးရန် ရှီကျင့်ဖျင်နှင့် ဒူတာတေတို့ အလေးအနက်ထားပြော

တောင်တရုတ်ပင်လယ် ငြိမ်းချမ်းစေရေး သည်းခံမှုကိုကျင့်သုံးရန် ရှီကျင့်ဖျင်နှင့် ဒူတာတေတို့ အလေးအနက်ထားပြော

တောင်တရုတ်ပင်လယ်အတွင်း ငြိမ်းချမ်းစေရေးအတွက် သည်းခံမှုကို ကျင့်သုံးရန် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်   ဖိလစ်ပိုင် သမ္မတဒူတာတေတို့က အလေးအနက်ထားပြောကြောင်း သိရသည်။

အဆိုပါ နှစ်နိုင်ငံခေါင်းဆောင်များသည် ဧပြီ ၉ ရက်တွင် တယ်လီဖုန်းမှတစ်ဆင့် တစ်နာရီခန့်ကြာ ဆွေးနွေးစဉ် ယခုကဲ့သို့ ပြောခြင်းဖြစ်သည်။   ၎င်းတို့နှစ်ဦး၏ ဆွေးနွေးမှုတွင် ယူကရိန်းအရေးနှင့် ကိုဗစ်-၁၉ ကပ်ရောဂါအပေါ် တုံ့ပြန်မှု အကြောင်းအရာများလည်း ပါဝင်သည်။

တောင်တရုတ်ပင်လယ်အတွင်း   ငြိမ်းချမ်းမှု၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးတို့ကို ဆက်လက်ထိန်းသိမ်းနိုင်ရေး အတွက် သည်းခံခြင်း၊ တင်းမာမှုများကိုဖယ်ရှားခြင်း၊ လက်တွေ့အသုံးဝင်သော ပူးပေါင်းဆောင်ရွက်မှု အတွက် အပြန်အလှန် လက်ခံနိုင်သည့် မူဘောင်တစ်ခု ရေးဆွဲခြင်းတို့ လုပ်ဆောင်ရန် လိုအပ်ကြောင်း ခေါင်းဆောင်များက အလေးထားပြောသည်ဟု ဖိလစ်ပိုင် သမ္မတရုံးက ထုတ်ပြန်ထားသည်။

ထို့ပြင် နှစ်နိုင်ငံကြား အငြင်းပွားမှုများ ရှိနေဆဲဖြစ်သော်လည်း   အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးမှုများအတွက် သတ်မှတ်ချက်ကို ချဲ့ထွင်သွားရန် နှစ်ဖက်စလုံးက ကတိပြုကြောင်း    သမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ဖိလစ်ပိုင်သမ္မတ ဒူတာတေသည် ၂၀၁၆ ခုနှစ်တွင်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ချိန်မှစ၍ တရုတ်နိုင်ငံနှင့် နွေးထွေးသော ဆက်ဆံရေးကို ထူထောင်ထားနိုင်ကြောင်း သိရသည်။