တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ သုံးဆနီးပါးမြင့်တက်လာ

ဆိုး၊ ကျန်းမာရေး

တောင်ကိုရီးယားနိုင်ငံ၌ ချူဆော့ အားလပ်ရက်ကာလစတင်စဉ် စက်တင်ဘာ ၃၀ ရက်တွင် တစ်ရက် အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူအရေအတွက်သည် ယမန်နေ့များထက် သုံးဆနီးပါးမြင့် တက် လာကြောင်းသိရသည်။

စက်တင်ဘာ ၂၉ ရက်တွင် တစ်ရက် အတွင်းရောဂါဖြစ်ပွားသူ ၃၈ ဦးသာရှိပြီး ထိုပမာဏသည် သြဂုတ် ၁၁ ရက်နောက် ပိုင်း နေ့စဉ်ရောဂါဖြစ်ပွားသူအရေအတွက် အနည်းဆုံးဖြစ်သည်။

ယခုအခါ စက်တင်ဘာ ၃၀ ရက်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ၁၁၃ ဦးသို့ ပြန်မြင့်တက် လာခြင်းဖြစ်ပြီး ၎င်းတို့အနက် ၉၃  ဦးမှာ  ပြည်တွင်းကူးစက်မှုဖြစ်ကာ အယောက် ၂၀ မှာ ပြည်ပမှ ပြန်လာသူများဖြစ်ကြောင်း ကိုရီးယားရောဂါ ထိန်းချုပ်ကာကွယ်ရေးဌာနက ထုတ်ပြန်ထားသည်။

ထို့ပြင် စက်တင်ဘာ ၃၀ ရက်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူအရေအတွက်မှာ ခြောက်ဦး ရှိသည့်အတွက် ယခုအခါ နိုင်ငံအတွင်း၌ ရောဂါဖြစ်ပွားသူစုစုပေါင်း ၂၃၈၁၂ ဦးနှင့် သေဆုံးသူ စုစုပေါင်း ၄၁၃ ဦးရှိကြောင်း သိရသည်။

ပြည်တွင်းကူးစက်မှုများအနက် ၇၆ ဦးမှာ ဆိုးမြို့အတွင်းမှဖြစ်ပြီး ပြည်ပမှပြန်လာသူများတွင် ရောဂါ တွေ့ရှိမှုမှာ လေဆိပ်၊ သင်္ဘောဆိပ်များမှငါးဦးနှင့် ကွာရန်တင်းဝင်နေသူများထံမှ ၁၅ ဦးဖြစ်ကြောင်း သိရသည်။       

 Ref: The Straits Times