စစ်တက္ကသိုလ်၊တပ်မတော်နည်းပညာတက္ကသိုလ်နှင့် တပ်မတော်ဆေးတက္ကသိုလ်ဗိုလ်လောင်းလျှောက်လွှာများ ထုတ်ယူ/တင်သွင်းခြင်းနှင့် ပတ်သက်၍ ထပ်မံရက်တိုးမြှင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေး အကြောင်းကြားခြင်း

၁။ စစ်တက္ကသိုလ်၊တပ်မတော်နည်းပညာတက္ကသိုလ်နှင့် တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်း လျှောက်လွှာများ ထုတ်ပေး/တင်သွင်းခြင်းကို ၃၀-၉-၂၀၂၀ ရက်နေ့အထိ ရက်တိုးမြှင့်၍ နောက်ဆုံး ထုတ်ယူ/တင်သွင်းရန် ကြော်ငြာထားရှိခဲ့သော်လည်း ယခုအခါ COVID-19 ရောဂါကူးစက်ပြန့်ပွားမှု အခြေ အနေများအရ ဗိုလ်လောင်းဝင်ခွင့်အရည်အချင်းစစ်ရေးဖြေစာမေးပွဲများ ကျင်းပနိုင်ခြင်းမရှိသေးသဖြင့် ဗိုလ်လောင်းလျှောက်လွှာ ထုတ်ပေး/တင်သွင်းခြင်းကိုလည်း ၃၁-၁၀-၂၀၂၀ ရက်နေ့အထိ ထပ်မံရက်တိုးမြှင့် ဆောင်ရွက်ပေးသွားမည်ဖြစ်၍ နီးစပ်ရာ တိုင်းစစ်ဌာနချုပ်များတွင် ဗိုလ်လောင်းလျှောက်လွှာများ ဆက်လက် ထုတ်ယူ/တင်သွင်းခြင်းများ ဆောင်ရွက်နိုင်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

၂။ စစ်တက္ကသိုလ်၊တပ်မတော်နည်းပညာတက္ကသိုလ်နှင့် တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းဝင်ခွင့် အရည်အချင်းစစ် စာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင်နေရာတို့အား သင့်လျော်သည့်နေ့ရက်တွင် မြန်မာ အလင်း၊ကြေးမုံ၊ မြဝတီ၊ ရတနာပုံသတင်းစာများ၊မြဝတီရုပ်မြင်သံကြား၊ Myawady Webportal နှင့် Myanmar National Portal တို့တွင် ကြိုတင်ကြော်ငြာပေးသွားမည် ဖြစ်ကြောင်း အသိပေးအကြောင်းကြား အပ်ပါသည်။

စစ်ရာထူးခန့်ချုပ်ရုံး

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)