သန်လျင်တပ်နယ်ရှိ ကျောင်းသား၊ ကျောင်းသူများအတွက် ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်

သန်လျင်တပ်နယ်ရှိ ကျောင်းသား၊ ကျောင်းသူများအတွက် ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်

နေပြည်တော်၊ ဧပြီ - ၂၁

နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူ လူငယ် မောင်မယ်များကို ကိုယ်၊ စိတ်၊ နှလုံးယဉ်ကျေးလိမ္မာစေရန်နှင့် ဗုဒ္ဓ၏ အဆုံးအမ တရားတော်များနှင့်အညီ ကျင့်ကြံနေထိုင်တတ်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသ ကြီး၊ သန်လျင်တပ်နယ်မှ ဦးစီးဖွင့်လှစ်သည့် အခြေခံဗုဒ္ဓဘာသာနှင့် ယဉ်ကျေးလိမ္မာ သင်တန်း အမှတ်စဉ်(၁/၂၀၂၂) ဖွင့်ပွဲကို ယနေ့နေ့လယ်ပိုင်းတွင် သန်လျင်တပ်နယ်၊ ရေတပ်လေ့ကျင့်ရေးဌာနချုပ်ရှိ သီရိမဟာဇေယျကျော်ထင်ခန်းမ၌ ပြုလုပ်ရာ  တပ်နယ်မှူး ဗိုလ်မှူးချုပ် နိုင်မင်းကျော်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

ဦးစွာ သန်လျင်တပ်နယ်မှတာဝန်ရှိသူက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက် များအား ပြောကြားသည်။ ထို့နောက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ဒုတိယဥက္ကဌက အဖွင့်အမှာစကားပြောကြားပြီး အသင်းမှထုတ်ဝေသည့် ယဉ်ကျေး လိမ္မာစာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူကြ သည်။ ယင်းနောက် ယဉ်ကျေးလိမ္မာသင်တန်းနည်းပြဆရာတစ်ဦးက သင်တန်းဆိုင်ရာ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။

အဆိုပါ သင်တန်းကို သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၁၀၅ ဦးဖြင့် မေ ၄ ရက်ထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။