အနောက်တောင်တိုင်းစစ်ဌာနချုပ်ရှိ နွေရာသီသင်တန်းများ၌ တက်ရောက်လျက်ရှိ သော ကျောင်းသား၊ ကျောင်းသူများအား ဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

အနောက်တောင်တိုင်းစစ်ဌာနချုပ်ရှိ နွေရာသီသင်တန်းများ၌ တက်ရောက်လျက်ရှိ သော ကျောင်းသား၊ ကျောင်းသူများအား ဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

နေပြည်တော်၊ ဧပြီ - ၂၁

အနောက်တောင်တိုင်းစစ်ဌာနချုပ်ရှိ တပ်မတော်သားမိသားစုဝင် ကျောင်းသား၊  ကျောင်းသူများအတွက် ဖွင့်လှစ်ထားရှိသည့် နွေရာသီသင်တန်းများဖြစ်သော အခြေခံ အင်္ဂလိပ်သဒ္ဒါနှင့်စကားပြောသင်တန်း၊ ကွန်ပျူတာသင်တန်း၊ မြန်မာ့သိုင်းသင်တန်းနှင့် ယဉ်ကျေးလိမ္မာသင်တန်းများသို့ ယနေ့တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ ယဉ်ကျေးလိမ္မာသင်တန်းအား သင်ကြားပို့ချလျက်ရှိသော တောင်ယာကုန်းကျောင်း တိုက်ဆရာတော် ဘဒ္ဒန္တကဝိန္ဒ အား လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေ ဆက်ကပ်လှူဒါန်းပြီး ကျောင်းသား/ ကျောင်းသူများအား ဗလာစာအုပ်များ၊ စာရေး ကိရိယာများနှင့် အာဟာရပြည့်စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။

အလားတူ တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ ဌာနချုပ်/တပ်ရင်း/တပ်ဖွဲ့များရှိ ယဉ်ကျေးလိမ္မာသင်တန်း တက်ရောက်လျက်ရှိသော ကျောင်းသား/ကျောင်းသူများအား သက်ဆိုင်ရာ ဌာနချုပ်/တပ်ရင်း/တပ်ဖွဲ့များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ ဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။