အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နှင့်ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များ၌  အင်္ဂလိပ်စာ အခြေခံသင်တန်း၊ ကွန်ပျူတာအခြေခံသင်တန်းနှင့် ယဉ်ကျေးလိမ္မာသင်တန်းများ ဖွင့်လှစ်

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နှင့်ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များ၌  အင်္ဂလိပ်စာ အခြေခံသင်တန်း၊ ကွန်ပျူတာအခြေခံသင်တန်းနှင့် ယဉ်ကျေးလိမ္မာသင်တန်းများ ဖွင့်လှစ်

နေပြည်တော်၊ ဧပြီ - ၂၁

နိုင်ငံတကာသုံး ဘာသာစကားဖြစ်သည့် အင်္ဂလိပ်စာကို အခြေခံမှစ၍ ကျွမ်းကျင်  တတ်မြောက်စေရန်၊ ကွန်ပျူတာကျွမ်းကျင်စေရန်နှင့် မြတ်ဗုဒ္ဓ၏ အဆုံးအမဩဝါဒများ၊ တရားဒေသနာတော်များ၊ ဗုဒ္ဓရာဇဝင်တော်များအား သိရှိနားလည်းကာ ဘာသာတရား  အဆုံးအမများနှင့် ထုံမွှမ်းပြည့်ဝပြီး ယဉ်ကျေးလိမ္မာသည့် သားငယ်၊ သမီးငယ်များ ဖြစ် စေရန်ရည်ရွယ်၍ နွေရာသီကျောင်းပိတ်ရက်တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိ တပ်မတော်သား မိသားစုဝင် သားသမီးများအတွက် ဖွင့်လှစ်သည့် အင်္ဂလိပ်စကားပြော  အခြေခံသင်တန်း၊ ကွန်ပျူတာအခြေခံသင်တန်းနှင့် ယဉ်ကျေးလိမ္မာသင်တန်းများ ဖွင့်ပွဲ ကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ ဝင်များသည် ဖွင့်လှစ်သင်ကြားလျက်ရှိသည့် နွေရာသီသင်တန်းများအား လိုက်လံကြည့် ရှုအားပေးပြီး သင်တန်းသား၊ သင်တန်းသူများအား စာရေးကိရိယာများပေးအပ်၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

အဆိုပါသင်တန်းများတွင် အင်္ဂလိပ်စကားပြောအခြေခံသင်တန်းကို သင်တန်း သား/သင်တန်းသူ ၁၃၅ ဦး၊ ကွန်ပျူတာအခြေခံသင်တန်းကို ၁၀၇ ဦးနှင့် ယဉ်ကျေးလိမ္မာ သင်တန်းကို ၇၀၁ ဦးတို့ဖြင့် သင်တန်းကာလ နှစ်ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးသွား မည်ဖြစ်သည်။

အလားတူ တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်နယ်အသီးသီးရှိ တပ်ရင်း/ တပ်ဖွဲ့များ၌လည်း အဆိုပါနွေရာသီသင်တန်းများကို သင်တန်းသား/သင်တန်းသူ စုစုပေါင်း ၂၁၀၆ ဦးဖြင့် သင်တန်းကာလနှစ်ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။