ရန်ကုန်တိုင်းစစ်ဌာနချုပ်၌ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းစစ်ဌာနချုပ်၌ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်        

နေပြည်တော်၊ ဧပြီ - ၂၁

ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများ နွေရာသီတွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ကိုယ်၊ စိတ်၊ နှလုံးယဉ်ကျေးလိမ္မာစေရန် ရည်ရွယ်၍ ယဉ်ကျေးလိမ္မာသင်တန်းအမှတ်စဉ်(၁/၂၀၂၂)ဖွင့်ပွဲကို ယနေ့ နေ့လယ်ပိုင်း တွင် တိုင်းစစ်ဌာနချုပ်ရှိ အနော်ရထာခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ နှင့်တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူး က သင်တန်းဖွင့်အမှာစကားပြောကြားသည်။ ထို့နောက်  တိုင်းမှူး က သင်တန်းသား/ သင်တန်းသူများအား ဗုဒ္ဓဝင်နှင့်(၃၈)ဖြာမင်္ဂလာတရားစာအုပ်များကို ပေးအပ်သည်။ အဆိုပါသင်တန်းကို သင်တန်းသား/သင်တန်းသူ ၁၀၀ ဦးဖြင့်   လည်း ကောင်း၊ တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်နယ်အသီးသီး၌လည်း အဆိုပါ သင်တန်းများကို သင်တန်းသား/ သင်တန်းသူ ၁၅၀၀ ဦးဖြင့်လည်းကောင်း မေ ၄ ရက် အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။