ဗန်းမော်မြို့ရှိ ဘုရားရှိခိုးကျောင်းများ၊ တိုင်းရင်းသားရိုးရာစာပေနှင့် ယဉ်ကျေးမှု အသင်း အဖွဲ့များအား တွေ့ဆုံ

ဗန်းမော်မြို့ရှိ ဘုရားရှိခိုးကျောင်းများ၊ တိုင်းရင်းသားရိုးရာစာပေနှင့် ယဉ်ကျေးမှု အသင်း အဖွဲ့များအား တွေ့ဆုံ

နေပြည်တော်၊ ဧပြီ - ၂၁

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ ဘုရားရှိခိုးကျောင်းများ၊ တိုင်းရင်းသားရိုးရာစာပေ နှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များအား‌ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးနှင့် အဖွဲ့ဝင်များ၊ ကချင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့် တာဝန်ရှိသူများက ယနေ့တွင် ဗန်းမော်မြို့ရှိ စိန်ပက်ထ ရိတ်ကသီဒြယ်ဘုရားရှိခိုးကျောင်းနှင့် ကောင်းတုံရိပ်သာတို့၌ သွားရောက်တွေ့ဆုံသည်။

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် ဘာသာရေးအသင်း တော်များမှ တာဝန်ရှိသူများနှင့် ရိုးရာစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ၏ တင်ပြ ချက်များကို လိုအပ်သည်များအား ညှိနှိုင်းဆောင်ရွက်ပေးပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။