လီဝန်ဒေါစကီးကို အသင်း၌ ဆက်လက်ရှိစေမည် ဖြစ်ပြီး မဖြစ်မနေရောင်းချရပါက ယူရို သန်း ၄၀ ရရှိမှသာ လက်ခံစဉ်းစားမည် ဖြစ်ကြောင်း ဘိုင်ယန်မြူးနစ်အသင်းထုတ်ပြန်

ဘိုင်ယန်မြူးနစ် အသင်းက အသင်းမှတိုက်စစ်မှူး လီဝန်ဒေါစကီးကို   သက်တမ်းတိုးစာချုပ်ချုပ်ဆိုပြီး အသင်း၌ ဆက်လက်ရှိစေမည် ဖြစ်သော်လည်း မဖြစ်မနေရောင်းချရမည် ဆိုပါက ပြောင်းရွှေ့ကြေး  ယူရို သန်း ၄၀ ရရှိမှသာ လက်ခံစဉ်းစားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ယခုဘောလုံး ရာသီတွင်လည်း ခြေစွမ်းကောင်းရရှိနေပြီး ဥရောပထိပ်တန်း တိုက်စစ်မှူးတစ်ဦးအဖြစ် ရပ်တည်နေသည့် လီဝန်ဒေါစကီးသည် ဘိုင်ယန်မြူးနစ်အသင်းနှင့်   စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိပြီး ဘိုင်ယန်မြူးနစ် အသင်းက သက်တမ်းတိုးစာချုပ်ချုပ် ဆိုလိုသော်လည်း  ၎င်းင်းကိုယ်တိုင်က  အသင်းမှ ထွက်ခွာလိုခြင်းဖြစ်သည်။

ဘိုင်ယန်မြူးနစ်အသင်းနှင့်   အနာဂတ်မရေမရာ ဖြစ်နေသည့်  လီဝန်ဒေါစကီးကို စပိန်ထိပ်သီး ဘာစီ လိုနာအသင်းက ခေါ်ယူရန်  တရားဝင်ကမ်းလှမ်းမှု များပြုလုပ်နေသကဲ့သို့ ပရီးမီးယားလိဂ်ထိပ်သီးအသင်း ကြီးများကလည်း ကမ်းလှမ်းလာဖွယ်ရှိသည့်အတွက် ဘိုင်ယန်မြူးနစ်အသင်းအနေဖြင့် လက်လွှတ်ရဖွယ်ရှိ နေကြောင်း သိရသည်။

လီဝန်ဒေါစကီးသည်   ယခုဘောလုံးရာသီတွင် လည်း  ပြိုင်ပွဲစုံ  ၄၇ ဂိုးအထိ  သွင်းယူထားနိုင်ခဲ့ပြီး ဥရောပ  သွင်းဂိုးအများဆုံး ကစားသမားဆုဖြစ်သည့် ရွှေဖိနပ်ဆုကို    နှစ်နှစ်ဆက် ဆွတ်ခူးနိုင်ရန်လည်း နီးစပ်လျက်ကြောင်း သိရသည်။

Ref;Bild