ပရီးမီးယားလိဂ်ဘောလုံး အဖွဲ့ချုပ်၏ ၂၀၂၂ ခုနှစ်အတွက် Hall of  Fame စာရင်းတွင် အီရန်ရိုဒ် ရှမိုက်ကယ် ပေါလ်စခိုး ဒရော့ဘာ ကွန်ပနီနှင့် အဂူရိုတို့ ထပ်မံပါဝင်လာ

ပရီးမီးယားလိဂ်ဘောလုံး အဖွဲ့ချုပ်၏ ၂၀၂၂ ခုနှစ်အတွက် Hall of  Fame စာရင်းတွင် အီရန်ရိုဒ် ရှမိုက်ကယ် ပေါလ်စခိုး ဒရော့ဘာ ကွန်ပနီနှင့် အဂူရိုတို့ ထပ်မံပါဝင်လာ

ပရီးမီးယားလိဂ်ဘောလုံး အဖွဲ့ချုပ်၏ ၂၀၂၂ ခုနှစ် အတွက် Hall of  Fame စာရင်းတွင် အာဆင်နယ်အသင်း ကစားသမားဟောင်း အီရန်ရိုဒ်၊ မန်ယူအသင်း ကစားသမားဟောင်းများဖြစ်သည့် ရှမိုက်ကယ်၊ ပေါလ်စခိုး၊ ချယ်လ်ဆီးအသင်း ကစားသမားဟောင်း ဒရော့ဘာ၊ မန်စီးတီးအသင်း ကစားသမားဟောင်း အဂူရိုနှင့် ကွန်ပနီတို့ပါဝင်ခဲ့ကြကြောင်း သိရသည်။

ပရီးမီးယားလိဂ်ဘောလုံး အဖွဲ့ချုပ်က ၂၀၂၁ ခုနှစ် ကစတင်ပြီး ပရီးမီးယားလိဂ်တွင် ကစားခဲ့သည့်ဂန္ထဝင် ကစားသမားဟောင်းများမှ ရွေးချယ်ပြီး ပြတိုက်တည်ဆောက်ကာ ဂုဏ်ပြုဖော်ပြခဲ့ခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ်အတွက် Hall of Fame စာရင်းတွင် ကစားသမားရှစ်ဦးကို ရွေးချယ်ရန် စီစဉ်ထားပြီး အစောပိုင်းက မန်ယူအသင်း ကစားသမားဟောင်း ရွန်းနီနှင့် အာဆင်နယ်အသင်း ကစားသမားဟောင်း ဗီယာရာတို့ပြီးနောက် ယခုအခါ ကစားသမားခြောက်ဦး ထပ်မံ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ်အတွက် Hall of Fame စာရင်း၌ ရွေးချယ်ခဲ့သည့် ကစားသမားများတွင် အများဆုံးအဖြစ် မန်ယူအသင်းက ကစားသမားလေးဦးအထိပါဝင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စာရင်းတွင် ပါဝင်လာသည့်   ကွန်ပနီနှင့် အဂူရိုတို့သည် လက်ရှိ မန်စီးတီးအသင်း ဥရောပ ထိပ်တန်းအဆင့်ဖြစ်လာစေရန် အစပြုခဲ့သူများဖြစ်သည့် အတွက် ပါဝင်လာခြင်း ဖြစ်ကြောင်း သိရသည်။