အင်ဒိုနီးရှားအစိုးရက အသက် ၁ နှစ်မှ ၅၉ နှစ်အတွင်းရှိဝန်ထမ်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးအရင်ထိုးပေးမည်

ဂျကာတာ၊ ကျန်းမာရေး

အင်ဒိုနီးရှားအစိုးရက နိုင်ငံအတွင်းရှိ အသက် ၁၈ နှစ်မှ ၅၉ နှစ်အတွင်းရှိသည့် ဝန်ထမ်းများကို ဦးစား ပေးအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အရင်ဆုံး ထိုးပေးမည်ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီး တီရာဝမ်အာဂတ်ပူထရန်တိုက ပြောသည်။

လူဦးရေသန်း ၂၆၀ ရှိသည့် အင်ဒိုနီးရှားနိုင်ငံ၌ ရောဂါကာကွယ်ဆေးအလုံးပေါင်း သန်း ၃၂၀ လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးက စက်တင်ဘာ ၃၀ ရက်တွင် ကာကွယ်ဆေးထိုးခြင်း အစီ အစဉ်နှင့် ပတ်သက်၍ ဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ပြောသည်။

ကာကွယ်ဆေးထိုးခြင်း အစီအစဉ်၌ ပထမဦးစားပေးအနေဖြင့် ကျန်းမာရေး ဝန်ထမ်းများနှင့်ဆေးရုံ များ၌ တာဝန်ထမ်းဆောင်နေရသည့် ဝန်ထမ်းများကို ကာကွယ်ဆေးဦးစွာ ထိုးပေးမည်ဖြစ်သည်။ ပြီးမှသာ အသက် ၁၈ နှစ်မှ ၅၉ နှစ်ကြားရှိအလုပ်သမားများကို ကာကွယ်ဆေးထိုးပေး မည်ဖြစ် ကြောင်း ၎င်းက ဆက်ပြောသည်။

အင်ဒိုနီးရှားနိုင်ငံ၌ ကာကွယ်ဆေးထိုးခြင်း အစီအစဉ်ကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီးပွားရေးဝန်ကြီး ဌာန၊  အမျိုးသားအစားအစာနှင့် ဆေးဝါးဌာနနှင့် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ ရေးဌာနတို့က ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။

အင်ဒိုနီးရှားအစိုးရသည် ၎င်း၏နိုင်ငံသားများအတွက် ကာကွယ်ဆေးရရန် နိုင်ငံများစွာမှ ကုမ္ပဏီများ နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ အစိုးရအနေဖြင့်   ကာကွယ်ဆေးရရှိနိုင်ရေးအတွက် တရုတ်၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ဗြိတိန်နိုင်ငံတို့နှင့် ဆက်သွယ်ဆွေးနွေးနေကြောင်း နိုင်ငံခြားရေး ဝန်ကြီး ရက်ဒိုမာဆူဒီက ပြောသည်။

Ref: CNA