မလေးရှား၌ ဇွန် ၄ ရက်နောက်ပိုင်း တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူအများဆုံးပြန်ဖြစ်

ကွာလာလမ်ပူ၊ ကျန်းမာရေး

မလေးရှားနိုင်ငံ၌  အောက်တိုဘာ ၁  ရက်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူအယောက် ၂၆၀ ရှိပြီး ထိုအရေအတွက်သည် ဇွန် ၄ ရက်နောက်ပိုင်း တစ်ရက်အတွင်း ရောဂါဖြစ်ပွားမှု အများဆုံးဖြစ် ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အောက်တိုဘာ ၁ ရက်တွင် ရောဂါဖြစ်ပွားသူများအနက် အများစုမှာ ဆာဘားပြည်နယ်မှဖြစ်သည်။   မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူစုစုပေါင်း ၁၁၄၈၄ ဦးနှင့် သေဆုံးသူစုစုပေါင်း ၁၃၆ ဦး ရှိကြောင်း သိရသည်။ စက်တင်ဘာ ၂၆ ရက်တွင်ကျင်းပသည့် ရွေးကောက်ပွဲမတိုင်မီ ဆာဘား ပြည်နယ်အတွင်း ဝင်ထွက်သွားလာမှုများပြားပြီးနောက် ယခုကဲ့သို့ တစ်ရက်အတွင်းရောဂါဖြစ်ပွားသူ ရုတ်တရက် မြင့်တက်လာခြင်းဖြစ်သည်။

ထို့ကြောင့်အစိုးရသည် ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ဆာဘားပြည်နယ် အတွင်းရှိ ခရိုင် ၂၇ ခုစလုံးကို အသွားအလာ တားမြစ်ကန့်သတ်လိုက်ကြောင်း အောက်တိုဘာ ၁ ရက်တွင် ထုတ်ပြန် ကြေညာသည်။ အဆိုပါ အသွားအလာတားမြစ် ကန့်သတ်မှုသည် အောက်တိုဘာ ၃ ရက် ည သန်းခေါင်မှစ၍ အောက်တိုဘာ ၁၆ ရက် အထိ ၁၄ ရက်တိုင်တိုင် အသက်ဝင်မည်ဖြစ်မည်ဖြစ်သည်။

 Ref: The Straits Times