နည်းပြဂျာဂန်ကလော့နှင့် ၂၀၂၆ ခုနှစ်အထိ နှစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ကြောင်း လီဗာပူးအသင်း အတည်ပြုကြေညာ

နည်းပြဂျာဂန်ကလော့နှင့် ၂၀၂၆ ခုနှစ်အထိ နှစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ကြောင်း လီဗာပူးအသင်း အတည်ပြုကြေညာ

လန်ဒန်၊ ဘောလုံး

လီဗာပူးအသင်းသည် ၂၀၂၄ ခုနှစ်တွင် အသင်းမှ ထွက်ခွာမည်ဟု အတည်ပြုကြေညာထားသည့် နည်းပြ ဂျာဂန်ကလော့နှင့် ၂၀၂၆ ခုနှစ်အထိ နှစ်နှစ်သက်တမ်း တိုးစာချုပ် ချုပ်ဆိုနိုင်ကြောင်း အတည်ပြုကြေညာခဲ့ သည်။

အသက်  ၅၄  နှစ်အရွယ်  နည်းပြကလော့သည် ၂၀၁၅  ခုနှစ်  အောက်တိုဘာလက  ဒေါ့မွန်အသင်းမှ ထွက်ခွာပြီးနောက် လီဗာပူး အသင်းနည်းပြအဖြစ် တာဝန်ယူခဲ့ပြီး  လက်ရှိစာချုပ်သက်တမ်းမှာ  ၂၀၂၄ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်သည်။

အစောပိုင်းက နည်းပြကလော့သည် လီဗာပူးအသင်း နှင့် စာချုပ်သက်တမ်းကုန်ဆုံးလျှင် အသင်းမှထွက်ခွာ မည်ဟု အတည်ပြု ကြေညာထားသူဖြစ်ကာ နောက်ပိုင်းတွင် လီဗာပူးအသင်း၏ သက်တမ်းတိုးစာချုပ်သစ် ကမ်းလှမ်းမှုကို လက်ခံဆွေးနွေးခဲ့ပြီးနောက် ယခုအခါ ၂၀၂၆ ခုနှစ်အထိ သက်တမ်းတိုးစာချုပ်  ချုပ်ဆိုနိုင်ခဲ့ခြင်းဖြစ်သည်။

နည်းပြကလော့သည် လီဗာပူးအသင်းကို တာဝန်ယူ ကိုင်တွယ်ခဲ့ပြီး မှန်ကန်သည့်ကစားသမားခေါ်ယူမှုများဖြင့် အသင်းကို ထိပ်တန်းအသင်းတစ်သင်းဖြစ်အောင် တည်ဆောက်နိုင်ခဲ့ကာ နှစ်ပေါင်းများစွာဝေးကွာနေသည့် ပရီးမီးယားလိဂ်ဖလားကို ပြန်လည် ဆွတ်ခူး နိုင်စေရန် စွမ်းဆောင်နိုင်ခဲ့သည်။ ထို့ပြင် ချန်ပီယံလိဂ် ပြိုင်ပွဲတွင်လည်း ချန်ပီယံဆုဖလားဆွတ်ခူးနိုင်ခဲ့သကဲ့သို့ ယခုဘောလုံးရာသီတွင်လည်း ဆုဖလားလေးလုံး မျှော်လင့်ချက်ရှိကြောင်း သိရသည်။

Ref;Dailymail