ဘောလုံးကလောင်ရှင်များ အဖွဲ့ချုပ်က ပေးအပ်သည့် ပရီးမီးယားလိဂ်တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို လီဗာပူးအသင်း တိုက်စစ်မှူး ဆာလက်ချ်ရရှိ

ဘောလုံးကလောင်ရှင်များအဖွဲ့ချုပ်  (ၤသသအဘေူူ ွျှမငအနမဒျ ဗျျသခငအေငသည)က ရွေးချယ်ပေးအပ်သည့် ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ ၏ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆု (ၤသသအ-ဘေူူနမ သ် အ့န့နမေ ဗတမေိ) ကို  လီဗာပူးအသင်း တိုက်စစ်မှူး    ဆာလက်ချ်က  မန်စီးတီးအသင်းမှ ဒီဘရိုင်းနှင့်  ဝက်စ်ဟမ်းအသင်းကွင်းလယ်ကစား သမား ဒီကလန်ရိုဒ်တို့အားကျော်ဖြတ်ပြီး ရရှိခဲ့ကြောင်း သိရသည်။

အသက် ၂၈ နှစ်အရွယ် ဆာလက်ချ်သည်  ယခု ဘောလုံးရာသီတွင်     လီဗာပူးအသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်းပြလျက်ရှိကာ လက်ရှိအချိန်ထိ   ပြိုင်ပွဲစုံ ၄၄ ပွဲကစားရာတွင် သွင်းဂိုး ၃၀ အထိ သွင်းယူနိုင်ကာ ဂိုးဖန်တီးမှု ၁၃ ကြိမ်အထိပြုလုပ်နိုင် ခဲ့ပြီးနောက် ဘောလုံးကလောင်ရှင်များအဖွဲ့ချုပ်က ရွေးချယ်ပေးအပ်သည့်   တစ်နှစ်တာအကောင်းဆုံး ကစားသမား ဆုကို  ဒုတိယအကြိမ်မြောက်ဆွတ်ခူး နိုင်ခဲ့ခြင်း ဖြစ်ပြီး  ၂၀၁၈ ခုနှစ်က  ပထမအကြိမ်ရရှိ ခဲ့ခြင်းဖြစ်သည်။

ဘောလုံးကလောင်ရှင်များအဖွဲ့ချုပ်က ရွေးချယ် သည့်    တစ်နှစ်တာအကောင်းဆုံးကစားသမားဆု အတွက်  ဆန်ခါတင်စာရင်းတွင်  ဆာလက်ချ်သည် ဒီဘရိုင်း၊    ဒီကလန်ရိုဒ်တို့နှင့်အတူ  ပါဝင်လာပြီး ဆာလက်ချ်က မဲ ၄၈ ရာခိုင်နှုန်းအထိရရှိခဲ့ပြီးနောက် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ကာ မေ ၅ ရက်တွင်  အဆိုပါ ဆုကို လက်ခံရယူရမည်ဖြစ်သည်။ ဆာလက်ချ်သည်   ယခုဘောလုံးရာသီ    ပရီးမီးယားလိဂ်ပြိုင်ပွဲတွင်လည်း  ၂၂ ဂိုးသွင်းယူထားနိုင်ခဲ့ကာ သွင်းဂိုးအများ ဆုံးကစားသမားဆုရရှိရန် နီးစပ်လျက်ရှိသည်။

Ref;90Min