တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်၊ စက်သုံးဆီနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်  မေ  ၁

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ   ဧပြီ ၂၉ ရက်

က ရှမ်းပြည်နယ်၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တောင်ကြီးမြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံး၊ (၄)မိုင်သစ်တောပူးပေါင်းစစ်ဆေးရေးစခန်း၌    တာဝန်ကျဝန်ထမ်းများက တာချီလိတ်မြို့မှ မန္တလေးမြို့သို့ ထွက်ခွာလာသော ကုန်တင်ယာဉ်(၂)စီးကို စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင် စာရွက်စာတမ်း တင်ပြနိုင်ခြင်းမရှိသော ငရုတ်သီးခြောက်အိတ်၊ Full Moon Wine နှင့် မော်တော်ဆိုင်ကယ်များ    (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၆၇၈၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသော Nissan Diesel အမျိုးအစား (၁၂)ဘီး ကုန်တင်ယာဉ်(၁)စီးနှင့် Isuzu အမျိုးအစား (၆)ဘီး ကုန်တင်ယာဉ်(၁)စီး   (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀၆၇၈၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မှော်ဘီမြို့နယ် သစ်တောဦးစီးဌာနဦးဆောင်သော ပူးပေါင်းစစ်ဆေးရေး အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရန်ကုန်မြောက်ပိုင်းခရိုင်၊  မှော်ဘီမြို့နယ်၊ လက်ပံတန်းစုကျေးရွာအနီး၌  တရားမဝင် ကျွန်းပရိဘောဂ အပိုင်းအစများ(သုည ဒသမ ၆၀၅၆)တန်   (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၁၆၈၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသော TOYOTA   PROBOX အမျိုးအစား (၄)ဘီး မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀)၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၁၈၁၆၈၀)ကို ဖမ်းဆီးရမိခဲ့ပြီး  သစ်တောဥပဒေနှင့်အညီ  အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ မေ ၁ ရက်တွင်  စစ်ကိုင်းတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏  စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က  စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မုံရွာမြို့နယ်အတွင်း တရားမဝင်လိုင်စင်မဲ့ ဒီဇယ်ပီပါ(ချက်ဆီ) အလုံး (၄၃၀) (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၃၅၄၅၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး  ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနဦးဆောင်သော ပူးပေါင်းစစ်ဆေးရေး အဖွဲ့က  စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ အိုင်တုံကွန်းကြိုးဝိုင်းအတွင်း တရားမဝင်ပျဉ်းကတိုး သစ်ခွဲသား (၁ ဒသမ ၉၂၉၂)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၈၅၈၄၀)ကို   ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက် လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဧပြီ ၂၉ ရက်နှင့် မေ ၁ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ (၁၅)မှု၊      (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၁၆၉၅၅၂၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။