ဘာစီလိုနာအသင်း လီဝန်ဒေါစကီးကို ခေါ်ယူရန် အဆင်မပြေသည့်အတွက် ချယ်လ်ဆီးအသင်းမှ လူကာကူကို လာမည့်ရက်ပိုင်းအတွင်း ကမ်းလှမ်းမည်

ဘာစီလိုနာအသင်းက လာမည့်နွေရာသီကစားသမား အပြောင်းအရွှေ့ကာလတွင် ထိပ်တန်းတိုက်စစ် ကစားသမားတစ်ဦး ခေါ်ယူရန်ပြင်ဆင်နေပြီး အစောပိုင်းက ဘိုင်ယန်မြူးနစ်အသင်းမှ လီဝန်ဒေါစကီးကို ခေါ်ယူရန်ပြင်ဆင်ခဲ့သော်လည်း အဆင်မပြေသည့် အတွက် ချယ်လ်ဆီးအသင်းနှင့် အနာဂတ်မရေမရာ ဖြစ်နေသော  လူကာကူကို  လာမည့်ရက်ပိုင်းအတွင်း ကမ်းလှမ်းမှုများ ပြုလုပ်မည်ဖြစ်သည်။

ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းက ဘိုင်ယန်မြူးနစ်အသင်းမှ လီဝန်ဒေါစကီး ကိုခေါ်ယူရန် တရားဝင်ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့သော်လည်း လီဝန်ဒေါစကီးက ဘိုင်ယန်မြူးနစ်အသင်းနှင့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန်သာ ပြင်ဆင်နေခြင်း ဖြစ်သည်။

အလားတူ    ဘာစီလိုနာအသင်း၏နောက်ထပ်ပစ်မှတ်ကစားသမားဖြစ်သည့်    ဒေါ့မွန်အသင်းမှ ဟာလန်း သည်လည်း မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ကစားရန်   သဘောတူညီမှု ရရှိသွားသည့်အတွက် ချယ်လ်ဆီး အသင်းမှ လူကာကူကို ပစ်မှတ်ပြောင်းလာခြင်း ဖြစ်သည်။

လူကာကူသည်  ပြီးခဲ့သည့် နွေရာသီကစားသမား အပြောင်းအရွှေ့ကာလက    အင်တာမီလန်အသင်းမှ ချယ်လ်ဆီး အသင်းသို့ ပြောင်းရွှေ့လာခဲ့သော်လည်း အသင်းတွင်ခြေစွမ်းပြနိုင်ရန်    ရုန်းကန်နေရသည့်အတွက်  ချယ်လ်ဆီး အသင်းက  လာမည့်  နွေရာသီကစားသမားအပြောင်းအရွှေ့ကာလတွင်   အရှုံးခံပြီး ပြန်လည်ရောင်းချရန်   ပြင်ဆင်နေကြောင်း   သိရသည်။                            

Ref;90Min