၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စ တစ်လတာကာလအတွင်း ပြည်ပသို့ ပုစွန်မက်ထရစ်တန်ချိန် ၆၀၀ ကျော် တင်ပို့ပြီးဖြစ်

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စ တစ်လတာကာလအတွင်း ပြည်ပသို့ ပုစွန်မက်ထရစ်တန်ချိန် ၆၀၀ ကျော် တင်ပို့ပြီးဖြစ်

ရန်ကုန်  မေ  ၃

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စ တစ်လတာ ကာလအတွင်း ပြည်ပသို့ ပုစွန်မက်ထရစ် တန်ချိန် ၆၀၀ ကျော်တင်ပို့ပြီးဖြစ်ကြောင်း ငါးလုပ်ငန်း ဦးစီးဌာနမှ  တာဝန်ရှိသူတစ်ဦး ၏ ပြောဆိုချက်အရ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စ ဧပြီ ၁ ရက်မှ ၃၀ ရက်အထိ တစ်လတာကာလ အတွင်း  ပြည်ပသို့ ပုစွန်တင်ပို့မှုအနေဖြင့် ပုံမှန်ကုန်သွယ်မှုမှ    မက်ထရစ်တန်ချိန် ၅၄၁ ဒသမ  ၈၄၁ တန်တင်ပို့ပြီး  အမေ ရိကန်ဒေါ်လာ ၂  ဒသမ ၄၁၉ သန်းရရှိ ခဲ့ကာ နယ်စပ်ကုန်သွယ်မှုမှ မက်ထရစ်တန် ချိန် ၆၈ ဒသမ ၆၄၉ တန်တင်ပို့ပြီး အမေ ရိကန်ဒေါ်လာ သုည ဒသမ ၃၁၆ သန်းရရှိ သည့်အတွက် စုစုပေါင်း မက်ထရစ်တန်ချိန် ၆၁၀ ဒသမ ၄၉ တန်တင်ပို့ပြီး အမေရိကန် ဒေါ်လာ  ၂ ဒသမ  ၇၃၅ သန်းရရှိကြောင်း သိရသည်။

ပြီးခဲ့သည့်ဘဏ္ဍာနှစ်   ခြောက်လတာ ကာလအတွင်း   ပြည်ပသို့ပုစွန် တင်ပို့မှုအနေဖြင့် ပုံမှန်ကုန်သွယ်မှုမှ မက်ထရစ် တန်ချိန် ၅၈၀၆ ဒသမ ၂၆၁ တန်တင်ပို့ပြီး  အမေရိကန်ဒေါ်လာ  ၂၅  ဒသမ ၈၉၈ သန်းရရှိကာ  နယ်စပ်ကုန်သွယ်မှုမှ  မက်ထရစ်တန်ချိန် ၁၇၆၆ ဒသမ ၇၃၁ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ၇ ဒသမ ၅၉၄ သန်းရရှိသည့်အတွက် စုစုပေါင်း မက်ထရစ်တန်ချိန် ၇၅၇၂ ဒသမ ၉၉၂ တန်တင်ပို့ကာ အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၄၉၂ သန်းရရှိခဲ့သည်။

ရခိုင်ပြည်နယ်မှ ပုစွန်အများဆုံး ထွက်ရှိပြီး   တနင်္သာရီတိုင်း ဒေသကြီးမှလည်း ထွက်ရှိကြောင်း၊ ရခိုင်ပြည်နယ်၌  ပုစွန် ၈၃၇၇ ဒသမ ၇၈ ဧကမွေးမြူကာ ရန်ကုန် မြို့သို့တင်ပို့ပြီး    ရန်ကုန်မြို့မှတစ်ဆင့်   ပြည်ပသို့ တင်ပို့ခြင်းဖြစ်သည်။  ပြည်ပသို့ ငါး၊  ပုစွန်နှင့်တခြားရေထွက်ကုန်များကို တရုတ်နိုင်ငံနှင့်   ထိုင်းနိုင်ငံအပါအဝင်  နိုင်ငံပေါင်း  ၄၀  ကျော်သို့  တင်ပို့လျက်ရှိကြောင်း သိရသည်။