တရားမဝင်သစ်များ ဖမ်းဆီးရမိ

တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော်  မေ  ၄

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တောဦးစီး ဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက် ပစ္စည်းများ ရှာဖွေဖော်ထုတ် ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် (Com-munity Monitoring and Reporting System-CMRS)အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဧပြီ ၂၅ ရက်မှ မေ ၁ ရက်အထိ နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း ၂၄.၈၉၆၂တန်၊ သစ်မာ ၂၁.၇၁၆၄ တန်၊  အခြား ၁၀၀.၉၇၈၄ တန် စုစုပေါင်း ၁၄၇.၅၉၁၀တန်၊ တရားခံ ၂၃ ဦး၊ ယာဉ်/ယန္တရား ၁၀ စီး ဖမ်းဆီးရမိခဲ့ကြောင်း၊ ဖမ်းဆီးရမိမှုများအနက်   အများဆုံး ဖမ်းဆီးရမိမှုမှာ ဧပြီ ၂၇ ရက်တွင် ရခိုင်ပြည်နယ် သံတွဲခရိုင် သံတွဲမြို့နယ်၊ မြို့မဘိနယ်၊ သံတွဲ-ကင်းသေကျွန်း ကားလမ်းနှင့်    သံတွဲ-တောင်ကုတ် ကားလမ်းနေရာတို့မှ တရားမဝင်   တောင်သရက်/ကောင်းမှု/ပိန္နဲဖို သစ်လုံး/ခွဲသား/ခြမ်း ၁၀၇ လုံး/ချောင်း/ခြမ်း ၃၁.၁၈၉၂ တန်၊ ယာဉ် ၆ စီးနှင့် တရားခံ ၁၀ ဦးတို့အား   ဖမ်းဆီးရမိခဲ့သည်။