တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းမည် ဖြစ်သော်လည်း စီရော်နယ်ဒိုအနေဖြင့် မန်ယူအသင်း၌ ဆက်ရှိနေမည် ဖြစ်ကြောင်း နည်းပြရင်းဂ်နစ်အတည်ပြု

မန်ယူအသင်း ယာယီနည်းပြရင်းဂ်နစ်က လာမည့် နွေရာသီကစားသမား အပြောင်းအရွှေ့ကာလတွင် နည်းပြသစ် တန်ဟတ်အနေဖြင့် အသင်းတိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းမည် ဖြစ်သော်လည်း စီရော်နယ်ဒိုအနေဖြင့် အသင်း၌သာ ဆက်ရှိနေလိမ့်မည်ဟု အတည်ပြုပြောကြားခဲ့ကြောင်း သိရသည်။

ယခုဘောလုံးရာသီတွင် မန်ယူအသင်းအနေဖြင့် ရလဒ်ပိုင်းမတည်မငြိမ်ဖြစ်နေပြီး   ရာသီအကုန်တွင် ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်နှင့်ပါ  လွဲချော်ရဖွယ်ရှိနေသည့် အခြေအနေကြောင့်   စီရော်နယ်ဒိုအနေဖြင့် လည်း မန်ယူအသင်းကို စွန့်ခွာပြီး အသင်းဟောင်း ရီးယဲလ်မက်ဒရစ်အသင်းထံ ပြန်လည်ပြောင်းရွှေ့ဖွယ် ရှိနေသည်ဟု သတင်းထွက်ပေါ်နေခြင်းဖြစ်သည်။

သို့သော် စီရော်နယ်ဒိုကိုယ်တိုင်ကလည်း ဘရန့်ဖို့ဒ်အသင်းနှင့်ပွဲစဉ်၌ ဂိုးသွင်းယူအပြီးတွင် ကင်မရာနား သွားရောက်၍ မန်ယူအသင်းမှာ ငါ့အတွက်လုပ်စရာတွေ မပြီးသေးဘူးဟု ပြောကြားခဲ့ပြီးနောက် မန်ယူအသင်း၌သာဆက်ရှိနေလိမ့်မည်ဟု ပရိသတ်များက ယုံကြည်နေသကဲ့သို့ ပွဲစဉ်အပြီး အိမ်ကွင်း၌ ပရိသတ်

များကို နောက်ဆုံးအနေဖြင့် နှုတ်ဆက်မှုများပြုလုပ်ခဲ့သည်ဟု ပရိသတ်တချို့က ယူဆခဲ့ကြသည်။

နည်းပြရင်းဂ်နစ်က ဘရန့်ဖို့ဒ်နဲ့ပွဲအပြီး ပရိသတ်တွေကို  သူနှုတ်ဆက်တာ  လမ်းခွဲဖို့နှုတ်ဆက်တာလို့ မထင်ပါဘူး။ မန်ယူအသင်းနဲ့သူက စာချုပ်သက်တမ်းတစ်နှစ်ကျန်ပါသေးတယ်။ သူအသင်းကို ဘယ်လောက်အထိ ချစ်တယ်ဆိုတာ   ကျွန်တော်သိပါတယ်။   သူအသင်းမှာ ဆက်ရှိနေမှာပါ။ နည်းပြသစ်လက်ထက်မှာ ကစားသမားသစ်တွေ ရောက်ရှိလာနိုင်တယ် ဆိုပေမယ့်လည်း စီရော်နယ်ဒိုရဲ့ အခန်းကဏ္ဍက ဆက်ရှိနေမှာပါ။ သူက အသင်းအတွက် အရေးပါတဲ့ ကစားသမားပါ ဟု ပြောသည်။        

 Ref;The Telegraph