တစ်ရာသီအတွင်း ချန်ပီယံလိဂ် အက်ဖ်အေဖလားနှင့် လိဂ်ဖလားပြိုင်ပွဲသုံးခုစလုံး ဗိုလ်လုပွဲ တက်ရောက်နိုင်သည့် ပထမဆုံးအသင်းအဖြစ် လီဗာပူးအသင်းမှတ်တမ်းဝင်

လီဗာပူးအသင်းသည်   ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဗီလာရီးယဲလ်အသင်းကို  အနိုင်ရရှိပြီး  ဗိုလ်လုပွဲသို့ တက်ရောက်ပြီးနောက်  ဘောလုံးရာသီတစ်ခုအတွင်း ချန်ပီယံလိဂ်၊ အက်ဖ်အေဖလားနှင့် လိဂ်ဖလား (ကာရာ ဘောင်းဖလား) ပြိုင်ပွဲတို့တွင် ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့သည့်  အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း  သိရ သည်။

လီဗာပူးအသင်းသည်   ယခုဘောလုံးရာသီလိဂ်ဖလား  (ကာရာဘောင်းဖလား)  ပြိုင်ပွဲတွင်  ချန်ပီယံ ဆုဖလားဆွတ်ခူးနိုင်ခဲ့ သကဲ့သို့ အက်ဖ်အေဖလားပြိုင်ပွဲတွင်လည်း  ဗိုလ်လုပွဲသို့  တက်ရောက်ထားနိုင်ပြီဖြစ်ကာ ချန်ပီယံလိဂ် ပြိုင်ပွဲတွင်လည်း ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

လီဗာပူးအသင်းသည်   ယခုဘောလုံးရာသီတွင် ယှဉ်ပြိုင်ကစားနေသည့်  ဖလားပြိုင်ပွဲသုံးခုတွင် ဗိုလ်လု ပွဲတက်ရောက် နိုင်ခဲ့သည့်အပြင် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင်လည်း ၃၄ ပွဲကစားအပြီးတွင် ရမှတ် ၈၂ မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးမှ    မန်စီးတီးအသင်းနှင့် တစ်မှတ်ကွာအနေအထားဖြင့်  အဆင့်  (၂)  နေရာ၌ ရပ်တည်နေသောကြောင့်  ချန်ပီယံဆုအတွက်  မျှော်လင့်ချက်ရှိနေဆဲဖြစ်ပြီး သမိုင်းဝင်ဆုဖလားလေးလုံး အတွက် မျှော်လင့်ချက်ရှိနေခြင်း ဖြစ်သည်။

အလားတူ   လီဗာပူးအသင်း   တိုက်စစ်ပိုင်းသည်လည်း ယခုဘောလုံးရာသီတွင် ပြိုင်ပွဲစုံ ၅၇ ပွဲကစားထားရာ  ၁၃၉  ဂိုးအထိ  သွင်းယူနိုင်ပြီး  သွင်းဂိုး အများဆုံး ဘောလုံးရာသီအဖြစ်ပါ စံချိန်သစ်တင် နိုင်ခဲ့ကြောင်း သိရသည်။                     

Ref;Opta.com