ဂျာမနီအစိုးရက နိုင်ငံ၏ တတိယမြောက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို လက်တွေ့စမ်းသပ်ခွင့်ပြု

ဘာလင်၊ ကျန်းမာရေး

ဂျာမနီနိုင်ငံမှ ဆေးဝါး ထုတ်လုပ်ခွင့်ပြုရေး တာဝန်ရှိသူများသည် နိုင်ငံ၏ တတိယမြောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို  လက်တွေ့စမ်းသပ် ခွင့်ပြုလိုက်ပြီဖြစ်သည်။

အဆိုပါ ကာကွယ်ဆေးကို  IDT Bio-logika ကုမ္ပဏီက ဖော်စပ်ထုတ်လုပ်ထားခြင်းဖြစ်သည်။ယခင်စမ်းသပ် ခွင့်ပြုထား သည့် ကာကွယ်ဆေးနှစ်မျိုးမှာ BioNTech ကုမ္ပဏီနှင့်  Cure   Vac ကုမ္ပဏီတို့က ဖော်စပ်ထားခြင်းဖြစ်သည်။

ယခုစမ်းသပ်ခွင့်ပြုသည့် ကာကွယ်ဆေးကို ဂျာမန်ကူးစက်ရောဂါ သုတေသနဌာနနှင့်  ပူးတွဲဖော်စပ် ထုတ်လုပ်ထားခြင်း ဖြစ်သည်။  လက်တွေ့စမ်းသပ်မှု အတွက်မူ အသက်  ၁၈  နှစ်မှ ၅၅ နှစ်အတွင်းရှိ စမ်းသပ်ခံမည့်သူ အယောက် ၃ဝ ကို သီတင်းပတ်လေးပတ်အတွင်း ကာကွယ်ဆေး နှစ်ကြိမ်ထိုးပေးသွားမည်ဖြစ်သည်။

အဆိုပါလက်တွေ့စမ်းသပ်မှု ရလဒ်များကောင်းပါက  ဒုတိယအဆင့် လက်တွေ့ စမ်းသပ်မှုကို ယခုနှစ်ကုန်တွင် သက်ကြီး ရွယ်အိုအများအပြားဖြင့် လုပ်ဆောင် သွားမည်ဖြစ်သည်။

IDT Biologika ကုမ္ပဏီသည် ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီများအတွက် ဗိုင်းရပ်ကာကွယ်ဆေးများကို ထုတ်လုပ်ပေးနေသည့် ကုမ္ပဏီဖြစ်သည့်အပြင်  ကမ္ဘာတစ်ဝန်း၌ လက်ရှိလုပ်ဆောင်နေသော  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ခြောက်မျိုးအတွက်လည်း  ထောက်ပံ့မှုများ ပေးထားကြောင်း သိရသည်။

Ref: The Straits Times