အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ၆ ဒသမ ၃၉ သန်းအထိ မြင့်တက်

ဘန်ဂါလူရူ၊ ကျန်းမာရေး

အိန္ဒိယနိုင်ငံ၌ အောက်တိုဘာ ၂ ရက်အထိတစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ၈၁၄၈၄ ဦးရှိသည့်အတွက် နိုင်ငံအတွင်း ထိုရောဂါဖြစ်ပွားသူ စုစုပေါင်း ၆ ဒသမ ၃၉ သန်းအထိမြင့်တက်လာကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထို့ပြင် ကိုဗစ်-၁၉  ရောဂါဖြစ်ပွားမှုကြောင့် တစ်ရက်အတွင်း သေဆုံးသူ ၁ဝ၉၅ ဦးရှိသောကြောင့် သေဆုံးသူစုစုပေါင်း ၉၉၈၃၇ ဦးအထိ မြင့်တက်လာသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံ၌ ယခုကဲ့သို့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ အရေအတွက် မြင့်တက်နေဆဲဖြစ်သောကြောင့်  ကမ္ဘာပေါ်တွင် အဆိုပါရောဂါဖြစ်ပွားသူ ဒုတိယအများဆုံး နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေသည်။

ယခုနှုန်းအတိုင်းဆက်သွားမည်ဆိုပါက အိန္ဒိယနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ခုနစ်သန်းခွဲကျော်ရှိသည့် အမေရိကန်နိုင်ငံကို ကျော်တက်နိုင်ကြောင်း ပညာရှင်များက သတိပေးထားသည်။

Ref: The Straits Times