ဟာဗားနားမြို့လယ်ရှိ ကြယ်ငါးပွင့်ဟိုတယ် ပေါက်ကွဲမှုဖြစ် လူ ၂၂ ဦးသေဆုံး

ဟာဗားနားမြို့လယ်ရှိ ကြယ်ငါးပွင့်ဟိုတယ် ပေါက်ကွဲမှုဖြစ် လူ ၂၂ ဦးသေဆုံး

ကျူးဘားနိုင်ငံ ဟာဗားနားမြို့လယ်ရှိ ကြယ်ငါးပွင့်ဟိုတယ် တစ်လုံး၌ပေါက်ကွဲမှု ဖြစ်ပွားရာ အနည်းဆုံး လူ ၂၂ ဦး သေဆုံးပြီး အယောက် ၅၀ ဒဏ်ရာ ရရှိကြောင်း သိရသည်။

အဆိုပါဟိုတယ်၌  ပေါက်ကွဲမှုသည် မေ ၆ ရက်တွင် ဖြစ်ပွားခြင်းဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းရင်းမှာ ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ဖြစ်နိုင်ကြောင်း တာဝန်ရှိသူများက ပြောသည်။

သေဆုံးသူများတွင် အနည်းဆုံး ကလေးငယ်တစ်ဦး ပါဝင်ကြောင်းနှင့် ဒဏ်ရာရရှိသူများကို နီးစပ်ရာဆေးရုံများသို့ ပို့ပေးထားကြောင်း နိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားသည်။

ဓာတ်ငွေ့ယိုစိမ့်ရာမှ တစ်ဆင့်ဖြစ်သော ပေါက်ကွဲမှုကြောင့် ပြတင်းပေါက်များ ကွဲပြီး ဟိုတယ်အပြင်ဘက်၌ ရပ်ထားသောကားများ ပျက်စီးသွားသည်ကို တွေ့ရသည်။

အဆိုပါဟိုတယ်ကို အကြီးစားပြင်ဆင်မှုများ လုပ်ဆောင်နေခြင်းဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် ဟိုတယ်ဝန်ထမ်းများ အနေဖြင့် ဟိုတယ်ကို ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။