တရားမဝင် သစ်မျိုးစုံနှင့် အလှကုန်ပစ္စည်းများ ဖမ်းဆီးရမိ

နေပြည်တော်  မေ  ၈

တရားမဝင်   ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေ ၇ ရက်တွင် အကောက်ခွန် ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့်   မြန်မာစက်မှုဆိပ်ကမ်း  ကုန်သေတ္တာစစ်ဆေးရေး စခန်း၌ တာဝန်ကျ အကောက်ခွန်အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ (ID)တွင်  ကြေညာထားခြင်း မရှိသော  အလှကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၅၅၈၄၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး    အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မေ ၈ ရက်တွင်   စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏  စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့နယ်တွင်း လိုင်စင်မဲ့  TOYOTA TOWNACE အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ   အရေးယူ ဆောင်ရွက်လျက်ရှိသည်။

အလားတူ ပဲခူးတိုင်းဒေသကြီး၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏  စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သောပူးပေါင်း စစ်ဆေးရေးအဖွဲ့က   စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ  ပန်းတောင်းမြို့နယ် ပြည်-တောင်ကုတ်ကားလမ်း မိုင်တိုင်(၁၈/၁-၂)တွင် တရားမဝင် ကျွန်းတံခါးချပ်နှင့် ပျဉ်းကတိုးကျည်းပေါင်များ (၁ ဒသမ ၃၃၂၄)တန်၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၅၄၈၀) ကို ဖမ်းဆီးရမိခဲ့ပြီး    သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍  မေ ၇ ရက်နှင့် ၈ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ    အမှုတွဲ (၄)မှု (ခန့်မှန်းတန်ဖိုးငွေကျပ်  ၃၇၄၁၃၈၈၀) ဖြစ်ကြောင်း သိရသည်။