သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေး အစီအစဉ်၊ လူရွှင်တော် အသင်းနှင့် ကိုလူချောအဖွဲ့တို့မှ မိသားစုများ ပါဝင်ယှဉ်ပြိုင်မည်

သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေး အစီအစဉ်၊ လူရွှင်တော် အသင်းနှင့် ကိုလူချောအဖွဲ့တို့မှ မိသားစုများ ပါဝင်ယှဉ်ပြိုင်မည်

နေပြည်တော်  မေ  ၁၁

သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေး အစီအစဉ်   (Family Quiz) ပွဲစဉ်(၆၅)ကို မေ ၁၃ ရက်တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV HD Channel မှ ဆက်လက် ထုတ်လွှင့်မည် ဖြစ်သည်။

အဆိုပါ ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေး အစီအစဉ်ကို အစီအစဉ်တင်ဆက်သူ စိုးသီဟနှင့် ဂျေနောတို့က တင်ဆက်ကြမည် ဖြစ်ပြီး  လူရွှင်တော်အသင်းနှင့် ကိုလူချော တို့အဖွဲ့မှ မိသားစုများ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ယင်းပြိုင်ပွဲများကို မေ ၁၃၊ ၁၄ နှင့်  ၁၅ ရက်တို့တွင် မြန်မာ့အသံနှင့်   ရုပ်မြင်သံကြား၏ MRTV-HD မှ ည ၆နာရီ သတင်းအပြီးတွင် ထုတ်လွှင့် ပြသ သွားမည်ဖြစ်ကြောင်း သိရသည်။