“ စေလိုရာစေ ”တေးဂီတဖျော်ဖြေပွဲ မြန်မာ့ရုပ်မြင်သံကြား၌ ပြသမည်

“ စေလိုရာစေတေးဂီတဖျော်ဖြေပွဲ မြန်မာ့ရုပ်မြင်သံကြား၌ ပြသမည်

နေပြည်တော်  မေ  ၁၁

ပြည်သူများ အပန်းပြေစေရန်၊ ပျော်ရွှင် စေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန် အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဖျော်ဖြေရေး အစီအစဉ်များကို  တိုးမြှင့် တင်ဆက်လျက်ရှိရာ “စေလိုရာစေ”တေးဂီတဖျော်ဖြေပွဲကို  မေ ၁၃ ရက် သောကြာနေ့ ည ၈ နာရီ သတင်းအပြီးတွင်  မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Cha-nnel မှ ထုတ်လွှင့်ပြသမည်ဖြစ်သည်။

ယင်းအစီအစဉ်ကို စန္ဒရားကွန်းဇော် တေးဂီတအဖွဲ့၏ တီးခတ်မှုနှင့်အတူ တေးသံရှင် များဖြစ်ကြသည့် တက္ကသိုလ်လဲ့လဲ့၊ နေဇင် အောင်၊ အိအိချွန်၊ ဘုန်းသစ်၊ ဂျင်းနီ၊ ဈာန်ထူး၊ ဝင်းလဲ့ချယ်ရီ၊ အိဟေမာန်၊ စိမ်းမို့မို့နှင့် ဆူးနှင်းဆီတို့က ဖျော်ဖြေ တင်ဆက်ကြမည်  ဖြစ်သည်။

ထိုသို့တင်ဆက်မှုကို  မေ ၁၅  ရက် (တနင်္ဂနွေနေ့)   နံနက် ၁၀ နာရီခွဲတွင် ဒုတိယအကြိမ် ထပ်မံထုတ်လွှင့် ပြသမည်ဖြစ်ကြောင်း သိရသည်။