(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာအားကစားအဖွဲ့ တတိယအသုတ် ဆက်လက်ထွက်ခွာ

ဗီယက်နမ်နိုင်ငံ  ဟနွိုင်းမြို့နှင့် အခြားဆက်စပ်မြို့များတွင် မေ ၁၂ ရက်မှ ၂၃ ရက်အထိ ကျင်းပမည့်    (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ရန် မြန်မာအားကစားအဖွဲ့ တတိယ အသုတ်သည်   ယမန်နေ့ည ၈ နာရီက  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာ့လေကြောင်းစင်းလုံးငှား လေယာဉ်ဖြင့် ထွက်ခွာရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးဝန်ကြီး  မြို့တော်ဝန် ဦးဗိုလ်ဌေး ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်နှင့် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိသူများက    ပို့ဆောင်နှုတ်ဆက်ကြသည်။

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့ တတိယ အသုတ်တွင် ဂေါက်သီးအားကစားနည်းမှ အမျိုးသားရှစ်ဦး၊  အမျိုးသမီးလေးဦး၊   ပီတန်း အားကစားနည်းမှ အမျိုးသားသုံးဦး၊ အမျိုးသမီး ခုနစ်ဦး၊   ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားနည်းမှ   အမျိုးသား ၁၁ ဦး၊ အမျိုးသမီးတစ်ဦး၊ ပိုက်ကျော်ခြင်းအားကစားနည်းမှ အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၁၀ ဦး၊ E-Sports အားကစားနည်းမှ အမျိုးသား၂၈ ဦး၊ ဘိလိယက်နှင့် စနူကာအားကစားနည်းမှ အမျိုးသားခုနစ်ဦး၊ ပြေးခုန်ပစ်အားကစားနည်းမှ အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ကိုးဦး၊ မြားပစ်အားကစားနည်းမှ အမျိုးသား ၁၁ ဦး၊ အမျိုးသမီးခုနစ်ဦးနှင့် အပြည်ပြည်ဆိုင်ရာ   ဒိုင်လူကြီးအဖွဲ့တို့ ပါဝင်ကြောင်း သိရသည်။                     

ဝန်းရံခ