ချန်ပီယံ ကာကွယ်ပွဲ ယှဉ်ပြိုင်ရန် ကြံ့ခိုင်မှု ပြည့်ဝနေကြောင်း အောင်လအန်ဆန်ဖွင့်ဟ

ရန်ကုန်၊ MMA

MMA (ONE Championship) ဝိတ်တန်းနှစ်ခု၏ ကမ္ဘာ့ချန်ပီယံ အောင်လအန် ဆန်သည် ယခုနှစ်  မစ်ဒယ် ဝိတ်တန်း ချန်ပီယံ ကာကွယ်ပွဲယှဉ်ပြိုင်ရန်   ကြံ့ခိုင်မှုအပြည့် အဝရှိကြောင်း  လူမှုကွန်ရက် စာမျက်နှာ၌ ရေးသား ဖော်ပြခဲ့သည်။

''ကျွန်တော့်ရဲ့ခွန်အားနဲ့    ကြံ့ခိုင်မှုက လာမယ့်ပြိုင်ပွဲအတွက်  အကောင်းဆုံး အခြေအနေမှာ    ရှိနေပါတယ်။    ဒီလို အကောင်းဆုံး ဖြစ်ဖို့ အစားအသောက်က အစ စီစဉ် ဆောင်ရွက်ပေးတဲ့ နည်းပြတွေ ကိုလည်း ကျေးဇူးတင် ပါတယ်'' ဟု အောင် လအန်ဆန်က ပြောသည်။

အောင်လအန်ဆန်၏ ယခုနှစ် မစ်ဒယ် ဝိတ်တန်းချန်ပီယံ ကာကွယ်ပွဲအဖြစ်  နယ် သာလန်နိုင်ငံသား ဒီရစ်ဒါနှင့် အောက်တိုဘာလအတွင်း ယှဉ်ပြိုင်ရန် ONE Championship က စီစဉ်နေသည်။  ယခုနှစ် ဖေဖော်ဝါရီ ၇ ရက်က အင်ဒို နီးရှားနိုင်ငံ ဂျကာတာမြို့၌ ကျင်းပခဲ့သည့် မစ်ဒယ်ဝိတ်တန်း စိန်ခေါ်ပွဲတွင် ဒီရစ်ဒါက ဘရာဇီးဖိုက် တာ အက်တီဒက်စ်ကို အမှတ်ဖြင့်  အနိုင်ရရှိပြီး  အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို စိန်ခေါ်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

ဒီရစ်ဒါ၏ စိန်ခေါ်မှုကို အောင်လအန်ဆန်က  လက်ခံယှဉ်ပြိုင်ရန်  စီစဉ်ခဲ့သော် လည်း ဒီရစ်ဒါ၏ ဒူးဒဏ်ရာကြောင့် ပွဲပျက် ခဲ့ရသည်။ ထို့ကြောင့်  ၎င်းအစား မစ်ဒယ် ဝိတ်တန်း ကမ္ဘာ့ ချန်ပီယံဟောင်း ရုရှားနိုင်ငံ သား ဘစ်ဒက်ရှ်နှင့် အောင်လအန်ဆန်တို့ ယှဉ်ပြိုင်ရန်  စီစဉ်ခဲ့သော်လည်းCOVID-19 ရောဂါ အခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့ရသည်။

သို့သော်   ဘစ်ဒက်ရှ်သည်  ချန်ပီယံ ကာကွယ်ပွဲအတွက် လေ့ကျင့်နေစဉ်အတွင်း ဒဏ်ရာပြဿနာရှိလာသည့် အတွက် ဒီရစ် ဒါနှင့် ပြန်လည် ယှဉ်ပြိုင်ရန်  စီစဉ်ခြင်းဖြစ်ကြောင်း   ONE Championship က ဖော်ပြ ထား သည်။                

ကိုရဲ