အိန္ဒိယ၌ ကိုဗစ်-၁၉ ရောဂါကြောင့်သေဆုံးသူ အယောက်တစ်သိန်းကျော်လာ

နယူးဒေလီ၊ ကျန်းမာရေး

အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူအယောက် တစ်သိန်းကျော်လာ ပြီဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၃ ရက်တွင် နိုင်ငံအတွင်း  ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ၇၉၄၇၆ ဦးရှိ သည့်အတွက် ထိုရောဂါ ဖြစ်ပွား သူစုစုပေါင်း ၆ ဒသမ ၄၇ သန်းကျော်လာစဉ် သေဆုံးသူ စုစုပေါင်းမှာ ၁ဝဝ၈၇၅ ဦးအထိရောက်ရှိ လာခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

လာမည့်လတွင်ကျရောက်မည့် ဘာသာရေးပွဲတော် အပါအဝင် ပျော်ပွဲရွှင်ပွဲများ ကျင်းပရသည့်ရာသီနှင့် ဆောင်းရာ သီတို့  မကြာမီကျရောက် တော့မည်ဖြစ်သည့်အတွက်  ကမ္ဘာပေါ်တွင်    လူဦးရေဒုတိယမြောက် အများဆုံး အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူနှင့် သေဆုံးသူအရေအတွက်မှာ  ဆက်လက်မြင့်တက် လာဖွယ် ရှိကြောင်း ကျန်းမာရေးကျွမ်းကျင်သူများက သတိပေး ထားသည်။ အိန္ဒိယနိုင်ငံ၌ လူဦးရေ ၁ ဒသမ  ၃ ဘီလီယံ အနက်  ၇  ရာခိုင်နှုန်းခန့်သာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသေးသောကြောင့် လူထုတစ်ရပ်လုံး ကိုယ်ခံအားရှိရေးအ တွက် အလှမ်းဝေး လွန်းနေသေးကြောင်းနှင့် ယခု နှစ်ကုန်တွင် ထိုရောဂါဖြစ်ပွားသူစုစုပေါင်း  ၁၂ ဒသမ ၂ သန်းအထိ မြင့်တက်လာနိုင် ကြောင်း  မီချီဂန်တက္ကသိုလ်မှ ပါမောက္ခ ဗြဟ္မာမူခါဂျီးကပြောသည်။ သို့သော် အိန္ဒိယနိုင်ငံ၏လူသေဆုံးမှုနှုန်း သည် လူအယောက်တစ်သိန်းလျှင် တစ်ဦးနှုန်းသာရှိသည့်အတွက်   အမေရိကန်၊ ဘရာဇီး နိုင်ငံတို့နှင့်နှိုင်းယှဉ်ပါက လူသေဆုံးမှုနှုန်း နည်းပါးနေသေးကြောင်းသိရသည်။

။။။။။။။။။။။။