(၃၁) ကြိမ်မြောက် ဆီးဂိမ်း အမျိုးသား ဘော်လီဘောပြိုင်ပွဲတွင် မြန်မာအသင်းက မလေးရှား အသင်းကို သုံးပွဲပြတ်ဖြင့် အနိုင်ရရှိ 

(၃၁) ကြိမ်မြောက် ဆီးဂိမ်း အမျိုးသား ဘော်လီဘောပြိုင်ပွဲတွင် မြန်မာအသင်းက မလေးရှား အသင်းကို သုံးပွဲပြတ်ဖြင့် အနိုင်ရရှိ 

နေပြည်တော် မေ ၁၅

 ဗီယက်နမ်နိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၃၁)ကြိမ်မြောက်  ဆီးဂိမ်းပြိုင်ပွဲ အမျိုးသားဘော်လီဘော ပြိုင်ပွဲအုပ်စု(က)ပွဲစဉ်မှ မြန်မာအသင်း၏ ဒုတိယပွဲစဉ်အဖြစ် မလေးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းက သုံးပွဲပြတ်ဖြင့် အနိုင်ရရှိသည်။

ပြိုင်ပွဲတွင်   မြန်မာအသင်းက မလေးရှားအသင်းကို ရမှတ်(၂၅-၁၃)၊ (၂၅ -၁၉)၊  (၂၅-၂၂)မှတ်ဖြင့် မြန်မာအသင်းက သုံးပွဲပြတ်အနိုင်ရရှိခြင်းဖြစ်ပြီး   မေ ၁၃ ရက်က အင်ဒိုနီးရှားအသင်းနှင့်  ယှဉ်ပြိုင်ကစားရာ ရှုံးနိမ့်ခဲ့သည့်အတွက် တစ်ပွဲနိုင်တစ်ပွဲရှုံး ရလဒ်ဖြစ်နေသည်။

မြန်မာအသင်း အနေဖြင့်  မေ ၁၈ ရက်တွင် အိမ်ရှင်ဗီယက်နမ် အသင်းနှင့်  ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။

အဆိုပါ  ဘော်လီဘော အမျိုးသား အုပ်စုပွဲစဉ်များတွင်  အရှေ့တောင်အာရှ နိုင်ငံများမှ  အိမ်ရှင်ဗီယက်နမ်အသင်း၊  ထိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ မြန်မာ၊  ဖိလစ်ပိုင်နှင့် ကမ္ဘောဒီးယား အသင်းတို့ ပါဝင်ပြီး ဆီးဂိမ်းအမျိုးသား ဘော်လီဘော ပြိုင်ပွဲတွင် အုပ်စု(က)၌  ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မြန်မာနှင့်  မလေးရှား အသင်းတို့ပါဝင်ပြီး   အုပ်စု(ခ) တွင်  ထိုင်းအသင်း၊  ဖိလစ်ပိုင်အသင်းနှင့် ကမ္ဘောဒီးယား အသင်းတို့ ပါဝင်ကြောင်း သိရသည်။