မြန်မာအမျိုးသားဖူဆယ်အသင်း အိမ်ရှင်ဗီယက်နမ်အသင်းကို ရှုံးနိမ့်

မြန်မာအမျိုးသားဖူဆယ်အသင်း အိမ်ရှင်ဗီယက်နမ်အသင်းကို ရှုံးနိမ့်

(၃၁)ကြိမ်မြောက် ဆီးဂိမ်းအမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲအဖြစ်   အိမ်ရှင် ဗီယက်နမ်နှင့် မြန်မာအသင်းတို့သည် မေ ၁၈ ရက်တွင်  Ha Nam Gymnasium ၌ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက ၄ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။

  မြန်မာအသင်းသည် ကျော်ထက်အောင် (ဂိုး)၊ မျိုးသက်အောင်၊ ဝေဇင်ဦး၊ ခင်ဇော် လင်း၊ သိုင်းဘွဲ့အောင်တို့ဖြင့် ပွဲထွက်ခဲ့ပြီး ပွဲချိန် ပထမပိုင်းတွင် နှစ်သင်းစလုံး အခွင့် အရေးများ ရရှိခဲ့သော်လည်း  အသုံးချနိုင် ခြင်းမရှိသဖြင့် ဂိုးမရှိ သရေကျခဲ့သည်။

ပွဲချိန် ဒုတိယပိုင်းအစတွင် ဗီယက်နမ် အသင်းက တစ်မိနစ်အတွင်း ၃ ဂိုးသွင်းယူ သွားသဖြင့် ပွဲအလှည့်အပြောင်း ဖြစ်သွားခဲ့သည်။ မြန်မာအသင်းသည် ချေပဂိုးရရှိရန် ကစားခဲ့သော်လည်း ဗီယက်နမ်အသင်းက နောက်ထပ် ၁ ဂိုးသွင်းယူခဲ့သဖြင့် ပွဲအပြီး တွင် ၄ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ် အသင်းသည် ဆီးဂိမ်းပြိုင်ပွဲ သုံးပွဲပြီးချိန် တွင် သုံးပွဲစလုံး ရှုံးနိမ့်ထားသဖြင့် မေ ၂၀ ရက်တွင်  အုပ်စုနောက်ဆုံး ပွဲစဉ်အဖြစ် မလေးရှား အသင်းနှင့် ယှဉ်ပြိုင် ကစားရမည် ဖြစ်ကြောင်း သိရသည်။