ပိုက်ကျော်ခြင်း နှစ်ယောက်တွဲပြိုင်ပွဲ၌ မြန်မာအမျိုးသမီးအသင်း ဗိုလ်လုပွဲတွင် အိမ်ရှင်အသင်းနှင့် တွေဆုံ

ပိုက်ကျော်ခြင်း နှစ်ယောက်တွဲပြိုင်ပွဲ၌ မြန်မာအမျိုးသမီးအသင်း ဗိုလ်လုပွဲတွင် အိမ်ရှင်အသင်းနှင့် တွေဆုံ

ဗီယက်နမ်နိုင်ငံ၌ ကျင်းပနေသော (၃၁)ကြိမ်မြောက်  ဆီးဂိမ်းပြိုင်ပွဲအမျိုးသား/အမျိုးသမီး  ပိုက်ကျော်ခြင်း ပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ မေ ၁၈ ရက် နံနက်ပိုင်းတွင် အမျိုးသား/အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲ အုပ်စုပွဲစဉ်များယှဉ်ပြိုင်ရာ  မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်း အမျိုးသမီးအသင်းသည် လာအိုအသင်းနှင့်   ကမ္ဘောဒီးယား အသင်းတို့ကို   နှစ်ပွဲပြတ်အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်သွားပြီး မေ ၁၉ ရက်(ယနေ့)တွင် အိမ်ရှင်ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

  ထို့ပြင် အမျိုးသား နှစ်ယောက်တွဲပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ်  မြန်မာအသင်းနှင့် အိမ်ရှင်ဗီယက်နမ်အသင်းတို့   ယှဉ်ပြိုင်ရာ မြန်မာအသင်းက နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိပြီး  ဖိလစ်ပိုင်အသင်းနှင့်   ယှဉ်ပြိုင်ရာ သုံးပွဲပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

  မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်း အမျိုးသားအသင်းသည် နှစ်ယောက်တွဲပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ်  မေ ၁၉ ရက်(ယနေ့)တွင် လာအိုအသင်းနှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်ကြောင်း သိရသည်။