ဖင်လန်နှင့်ဆွီဒင်တို့က NATO တပ်ဖွဲ့သို့ဝင်ရေး တရားဝင်အဆိုပြုလွှာတင်သွင်း

ဖင်လန်နိုင်ငံနှင့်ဆွီဒင်နိုင်ငံတို့က NATO တပ်ဖွဲ့သို့ဝင်နိုင်ရေးအတွက်     တရားဝင်အဆိုပြုလွှာကို မေ ၁၈ ရက်တွင် တင်သွင်းလိုက်ကြောင်း သိရသည်။

စစ်အေးကာလတစ်လျှောက် ဘက်မလိုက်နိုင်ငံများအဖြစ်  ကာလကြာရှည် ရပ်တည်လာသည့် ဆွီဒင်နှင့်ဖင်လန်နိုင်ငံတို့ အနေဖြင့် ယခုကဲ့သို့ NATO တပ်ဖွဲ့ဝင်နိုင်ငံဖြစ်ရေးအတွက်   အဆိုပြုလွှာတင်သွင်းခြင်းသည် ဥရောပ၏ လုံခြုံရေးအခြေအနေအပေါ် ကြီးစွာသောပြောင်းလဲမှုများ ဖြစ်ပေါ်စေမည် ဖြစ်သည်။

ယခုအချိန်အခါသည် သမိုင်းဝင်အခိုက်အတန့်ဖြစ်သည့်အတွက် အမိအရရယူရမည်ဖြစ်ကြောင်း NATO တပ်ဖွဲ့  အတွင်းရေးမှူးချုပ် ယန်စတိုတန်ဘာ့က   ပြောသည်။

နိုင်ငံတစ်နိုင်ငံကို  NATO တပ်ဖွဲ့ဝင်နိုင်ငံ ဖြစ်ခွင့်ပေးရေးအတွက် ထိုတပ်ဖွဲ့ဝင်နိုင်ငံများအားလုံး၏ တူညီသဘောထားရရှိရန် လိုအပ်သည်။

ထိုသို့အဖွဲ့ဝင်နိုင်ငံများအားလုံးက သဘောတူသည့်တိုင် အတည်ပြုရေးအတွက် လွှတ်တော်များက ဆုံးဖြတ်ရမည်ဖြစ်ပြီး  အချိန်အားဖြင့် တစ်နှစ်ကြာမြင့်မည်ဖြစ်သည်။

လက်ရှိတွင် NATO တပ်ဖွဲ့ဝင်နိုင်ငံဖြစ်သည့် တူရကီနိုင်ငံက   အဆိုပါနှစ်နိုင်ငံကို NATO တပ်ဖွဲ့အတွင်း ဝင်ခွင့်ပြုမည်မဟုတ်ကြောင်း အတိအလင်းကြေညာထားသော်လည်း    ထိုကိစ္စမှာပြေလည်သွားမည် ဖြစ်ကြောင်း ယန်စတိုတန်ဘာ့က ပြောသည်ဟု သိရသည်။

Ref:TST