သီရိလင်္ကာက ကမ္ဘာ့ဘဏ်မှ ဒေါ်လာသန်း ၁၆၀ လက်ခံရရှိ

သီရိလင်္ကာနိုင်ငံအနေဖြင့် အရေးကြီးသော သွင်းကုန်ပစ္စည်းများအတွက် ငွေပေးချေနိုင်စေရန်    ကမ္ဘာ့ဘဏ်မှ  အမေရိကန် ဒေါ်လာသန်း ၁၆၀ ကို လက်ခံရရှိကြောင်း ဝန်ကြီးချုပ်ရာ နေးဝစ်ခရီမီဆင်းက မေ ၁၈ ရက်တွင်ပြောသည်။

အဆိုပါ ရရှိလာသော ငွေကြေးများကို စက်သုံးဆီတင်သွင်းမှုအတွက် ပေးချေနိုင်ခြင်း  ရှိ၊ မရှိ စဉ်းစားသုံးသပ်နေကြောင်း ဝန်ကြီးချုပ်က လွှတ်တော်၌ပြောသည်။

ပဋိပက္ခများဖြစ်ပွားနေသော သီရိလင်္ကာနိုင်ငံ၌ မေ ၁၆ ရက်ကတည်းက ဓာတ်ဆီကုန်သွားပြီ ဖြစ်ကြောင်း    ဝန်ကြီးချုပ်က ဆက်ပြောသည်။

အလားတူ ပြည်သူများအနေဖြင့် လူတန်းရှည်ကြီးဖြင့် တန်းစီကာ စက်သုံးဆီဝယ်ယူခြင်း မပြုရန် စွမ်းအင်ဝန်ကြီးက တောင်းဆိုထားသည်။

သီရိလင်္ကာနိုင်ငံအနေဖြင့် အရေးကြီးသော သွင်းကုန်များအတွက်   ပေးချေရန် အမေရိကန်ဒေါ်လာ ၇၅ သန်းလိုအပ်နေကြောင်း ပြီးခဲ့သည့် သီတင်းပတ်တွင်ဝန်ကြီးချုပ်အဖြစ်  တာဝန်ပေးအပ်ခြင်း ခံရသည့် ရာနေးဝစ်ခရီမီဆင်းက မေ ၁၆ ရက်တွင် ပြောသည်ဟု သိရသည်။

Ref:TST