ဆဋ္ဌမမြောက် ရွှေတံဆိပ်ဆုကို ဗိုဗီနမ် အားကစားနည်းမှ ဆွတ်ခူးရရှိ၊ ဗိုဗီနမ်၊ ပြေးခုန်ပစ်၊ ကနူး/ကယက်လှေလှော်နှင့် မြားပစ် အားကစားပြိုင်ပွဲများမှ ရွှေတံဆိပ်၊ ငွေတံဆိပ်နှင့် ကြေးတံဆိပ်များ ထပ်မံရရှိ

ဆဋ္ဌမမြောက် ရွှေတံဆိပ်ဆုကို ဗိုဗီနမ် အားကစားနည်းမှ ဆွတ်ခူးရရှိ၊ ဗိုဗီနမ်၊ ပြေးခုန်ပစ်၊ ကနူး/ကယက်လှေလှော်နှင့် မြားပစ် အားကစားပြိုင်ပွဲများမှ ရွှေတံဆိပ်၊ ငွေတံဆိပ်နှင့် ကြေးတံဆိပ်များ ထပ်မံရရှိ

ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ်လက်ခံ ကျင်းပလျက်ရှိသည့်  (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/အား ကစားရုံများ၌ ဆက်လက် ကျင်းပလျက်ရှိ သည်။

Soc Son အားကစားရုံ၌  ယှဉ်ပြိုင်ကစားသည့် ဗိုဗီနမ်အားကစားနည်း အမျိုး သမီး နှစ်ယောက်တွဲ(သရုပ်ပြ) ပွဲစဉ်တွင် ခိုင်ဝါဖူးနှင့်  မေဟန်နီအောင်လွင်တို့က မြန်မာနိုင်ငံ အတွက် ဆဋ္ဌမမြောက်ရွှေတံဆိပ် ဆုကို ဆွတ်ခူးရရှိခဲ့ပြီး အမျိုးသမီး (-55 kg) ကီလိုတန်းပြိုင်ပွဲတွင်  မနှင်းသက်ဝေ က ကြေးတံဆိပ်ဆုကို လည်းကောင်း၊ My Dinh National Stadium ၌ ယှဉ်ပြိုင်ကစားသည့် ပြေးခုန်ပစ် အားကစားနည်း မီတာ ၁၀၀၀၀ အမျိုးသမီး အပြေးပြိုင်ပွဲ တွင်  ခင်မာဆယ်က  ငွေတံဆိပ်ဆုကို လည်းကောင်း အသီးသီး ရရှိခဲ့သည်။

ထို့ပြင်  ကနူး/ကယက်  လှေလှော် အားကစားနည်းမှ ကယက်လှေလှော် မီတာ ၁၀၀၀ အမျိုးသား လေးတက်လှော်ပွဲစဉ် တွင် မြန်မာ၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာနိုင်ငံက ငွေတံဆိပ် ဆုကို လည်းကောင်း၊ ကနူးလှေလှော် မီတာ ၁၀၀၀ အမျိုးသား လေးတက်လှော်ပွဲစဉ်တွင် မြန်မာ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်နှင့်   ကမ္ဘောဒီးယားနိုင်ငံတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာနိုင်ငံက ကြေးတံဆိပ်ဆုကို လည်းကောင်း  ထပ်မံရရှိခဲ့သည်။

အလားတူ  မြားပစ်အားကစားနည်း အမျိုးသမီး (Recurve) အသင်းလိုက်ပြိုင်ပွဲ တတိယနေရာလုပွဲစဉ်တွင် မြန်မာအသင်းက ဝင်ရောက်ယှဉ်ပြိုင် ကစားရာ ကြေးတံဆိပ် ဆုကိုလည်းကောင်း၊ တိုက်ကွမ်ဒို အားကစားနည်း (-63)ကီလိုတန်းပြိုင်ပွဲတွင် ဇော်လင်း ထက်က ကြေးတံဆိပ်ဆုကိုလည်းကောင်း  ထပ်မံဆွတ်ခူး ပေးနိုင်ခဲ့သည်။

မေ ၁၉ ရက်(ယနေ့)တွင် ပြိုင်ပွဲပွဲစဉ် များအဖြစ် ပြေးခုန်ပစ်၊ စစ်တုရင်၊ သေနတ်ပစ်၊ ပိုက်ကျော်ခြင်း၊ ကနူးလှေလှော်၊ န-ျစသမအျ၊ ဖူဆယ်၊ ဘိလိယက်၊ လက်ဝှေ့၊ ဂျူဒို၊ တိုက် ကွမ်ဒို၊  အလေးမနှင့်  ဗိုဗီနမ်အားကစား ပြိုင်ပွဲများကို ဆက်လက် ဝင်ရောက်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်သည်။

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ယနေ့ အထိ ရွှေတံဆိပ်ခြောက်ခု၊ ငွေတံဆိပ်ရှစ်ခုနှင့် ကြေးတံဆိပ် ၁၅ ခုတို့ကို ဆွတ်ခူးရရှိထားပြီး စုစုပေါင်းဆုတံဆိပ် ၂၉ ခုဖြင့် နိုင်ငံအလိုက် အဆင့်ရပ်တည်မှု အဆင့်(၇)နေရာ တွင်ရပ်တည်လျက် ရှိကြောင်း သိရသည်။