ဖိလစ်ပိုင်၌ အောက်တိုဘာ ၄ ရက်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူ အယောက် ၃၁၉၀ ရှိ

မနီလာ၊ ကျန်းမာရေး

ဖိလစ်ပိုင်နိုင်ငံ၌ အောက်တိုဘာ ၄ ရက်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ အယောက် ၃၁၉၀ ရှိကြောင်းနှင့် နိုင်ငံအတွင်း ထိုရောဂါဖြစ်ပွားသူစုစုပေါင်း ၃၂၂၄၉၇ ဦးအထိ မြင့်တက်လာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ အောက်တိုဘာ ၄ ရက်တွင် ရောဂါဖြစ်ပွားသူအရေအတွက်သည် သီတင်းပတ် နှစ်ပတ်နီးပါး အတွင်း တစ်ရက်တည်းတွင် ရောဂါဖြစ်ပွားသူ အရေအတွက် အမြင့်ဆုံးဖြစ်သည်။

အလားတူ ပြန်လည်သက်သာလာသူအရေအတွက်မှာလည်း အောက်တိုဘာ ၄ ရက်တွင် ၁၈၀၆၅ ဦး ရှိသည့်အတွက် ပြန်လည်သက်သာလာသူ စုစုပေါင်း ၂၇၃၀၇၉ ဦးအထိ မြင့်တက်လာကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သေဆုံးသူအရေအတွက်မှာမူ အောက်တိုဘာ ၄ ရက်တွင် အယောက် ၁၀၀ ရှိသဖြင့် စုစုပေါင်း ၅၇၇၆ ဦးသေဆုံးထားပြီးဖြစ်သည်။  လူဦးရေ ၁၀၉ သန်းရှိသည့် ဖိလစ်ပိုင်နိုင်ငံ၌ ၃ ဒသမ ၆ သန်းကို ရောဂါ ရှိ၊ မရှိစစ်ဆေးပေးပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူများအနက် အများဆုံးမှာ မနီလာမြို့တော်ဖြစ်ပြီး အောက်တိုဘာ ၄ ရက် တွင် ထိုရောဂါ ဖြစ်ပွားသူ ၁၂၇၉ ဦးရှိသည်။ လက်ရှိတွင် အစိုးရအနေဖြင့် ကျဆင်းနေသည့်နိုင်ငံ စီးပွားရေးကို ပြန်လည်တည့်မတ်နိုင်ရေးအတွက် ပြည်ပခရီးသွားများကို စတင်လက်ခံနိုင်ရန် စီစဉ် နေပြီး လည်ပတ်စရာနေရာများကိုမူ ပြည်တွင်းခရီးသွားများအတွက်သာ ဖွင့်လှစ်ပေးထားသေး ကြောင်း သိရသည်။

Ref: The Straits Times