စစ်တွေမြို့ရှိ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးစာရေးကိရိယာများနှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်

စစ်တွေမြို့ရှိ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးစာရေးကိရိယာများနှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်

နေပြည်တော်၊ မေ - ၁၉

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ စစ်တွေတက္ကသိုလ်၊ ကျွန်ပျူတာတက္ကသိုလ် (စစ်တွေ)နှင့် နည်းပညာတက္ကသိုလ်(စစ်တွေ)တို့၌ တက်ရောက် ပညာသင်ကြား လျက်ရှိသော တပ်မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံး စာရေးကိရိယာနှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ ညနေပိုင်းတွင် စစ်တွေတပ်နယ်ရှိ လေးဝတီပညာရေးရိပ်သာ၌ပြုလုပ်ရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံး စာရေးကိရိယာ များနှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး လေးဝတီပညာရေး ရိပ်သားအား လှည့်လည်ကြည်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။