စစ်တွေမြို့ရှိ ပြည်နယ်/မြို့နယ်အဆင့် စည်ပင်သာယာရေးဝန်ထမ်းများနှင့် တွေ့ဆုံ

စစ်တွေမြို့ရှိ ပြည်နယ်/မြို့နယ်အဆင့် စည်ပင်သာယာရေးဝန်ထမ်းများနှင့် တွေ့ဆုံ

နေပြည်တော်၊ မေ - ၁၉

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းနှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး တို့သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့်အတူ မေလ ၁၈ ရက်နေ့ ညနေပိုင်းတွင် စစ်တွေ မြို့ရှိ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်/မြို့နယ် အဆင့် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိများ၊ စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်း များနှင့် တွေ့ဆုံ၍ မြို့/ရွာသန့်ရှင်းသာယာလှပရေး၊ စည်ပင်သာယာရေး လုပ်ငန်းများ စနစ် တကျဆောင်ရွက်နိုင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။

ထို့နောက် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုး နှင့် တာဝန်ရှိသူများ က စစ်တွေမြို့ သန့်ရှင်းသာယာလှပရေးနှင့် ပတ် သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးများက မြို့/ရွာ သန့်ရှင်း သာယာလှပရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆိုင်ရာများအား ဖြည့်စွက် ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က တင်ပြချက်များ အပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။