တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်း မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)မှ နယ်လှည့်အထူးကုဆေးအဖွဲ့ များက ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆက်လက်ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်း မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)မှ နယ်လှည့်အထူးကုဆေးအဖွဲ့ များက ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆက်လက်ဆောင်ရွက်

နေပြည်တော်၊ မေ - ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်အတွင်းရှိ ဒေသခံ ပြည်သူ များအား  ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိ နေသည့်  နယ်လှည့်အထူးကုဆေးအဖွဲ့များ ပါဝင်သည့် တပ်မတော် ပင်လယ်သွား ဆေးရုံ ရေယာဉ်(သံလွင်)သည် ယနေ့တွင် ကော့သောင်းမြို့နယ် ၊ ဇာဒက်ကြီးကျွန်းရှိ ဘိုးဘွားရိပ်သာ၌ ဒေသခံဆလုံလူမျိုးများ နှင့် တပ်မတော်သား မိသားစုဝင် စုစုပေါင်း ၃၁၆ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး သည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာ ရောဂါ ၇၈ ဦး၊ ခွဲစိတ် ရောဂါ ၃၆ ဦး၊ သားဖွား/မီးယပ်ရောဂါ ၃၂ ဦး၊ ကလေးရောဂါ ၃၅ ဦး၊ အရိုးရောဂါ ၃၀ ဦး၊ နား/နှာခေါင်း/လည်ချောင်းရောဂါ ၃၄ ဦး၊ မျက်စိရောဂါ ၃၇ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၃၄ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက် ပေးသည်။

ထို့အပြင် ခွဲစိတ်ကုသရန်လိုအပ်သူ အထွေထွေခွဲစိတ်လူနာ ၁၂ ဦးကို ခွဲစိတ်ကုသမှုများ ဆောင်ရွက်၍ သွားနှင့်ခံတွင်းလူနာ ၁၅ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၃၂ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၃၈ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၅၅ ဦး၊ ဓာတ်ခွဲစမ်းသပ်လူနာ ၇၂ ဦး၊ ကွန်ပျူတာဓာတ်မှန် ရိုက်လူနာ ၃ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် ဒေသခံပြည်သူ ၄ ဦးအား ဆေးရုံ ရေယာဉ်ပေါ်တွင် ဆေးရုံတင်ကုသပေးခဲ့ကြောင်း သတင်းရရှိသည်။