ကံမမြို့နယ်၌ သစ်စိမ်းမြေသြဇာ ပိုက်ဆန်လျှော်ကြဲပက်ပွဲကျင်းပ

ကံမ၊ စိုက်ပျိုးရေး

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ် ကညင်တိုင်းကျေးရွာအုပ်စု ကွင်းအမှတ်-၁၉၀ တောင်သူ ဦးစိုးဝင်း၏ လယ်မြေတွင် မြေဆီလွှာထိန်းသိမ်းရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သစ်စိမ်းမြေသြဇာ ပိုက်ဆန်လျှော်ကြဲပက်ပွဲ အခမ်းအနားကို မေ ၂၃ ရက်နံနက် ၈ နာရီတွင် ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုထွန်းနှင့်အဖွဲ့ဝင်များ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး၊ မြို့နယ် ဦးစီးမှူးနှင့်ဝန်ထမ်းများက လယ်မြေအတွင်းသစ်စိမ်းမြေသြဇာ ပိုက်ဆန်လျှော်မျိုးစေ့များအား ကြဲပက်ကြသည်။

ထိုသို့ သစ်စိမ်းမြေသြဇာ ပိုက်ဆန်လျှော်မျိုးစေ့များအား ကြဲပက်ခြင်းဖြင့် မြေဆီလွှာအတွင်းရှိ အပင်၏ အာဟာရဓာတ်များ မြေအောက်သို့ စိမ့်ဝင်ဆုံးရှုံးခြင်းမှ ကာကွယ်ပေးခြင်းဖြင့် စိုက်ပျိုးမြေအတွက် မြေသြဇာ အထောက်အပံ့များ ရရှိစေနိုင်မည်ဖြစ် ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။          

ကျော်ဇေယျဝင်း(ကံမ)