အောင်ပွဲရ အားကစားသမားတွေကို ပထမဆု ငွေကျပ် သိန်း ၃၀၀၊ ဒုတိယဆု ငွေကျပ် သိန်း ၂၀၀၊ တတိယဆု ငွေကျပ် သိန်း ၁၀၀ ချီးမြှင့်မှာပါ။ ဒါ့အပြင် အသင်းအဖွဲ့ချုပ်တွေရဲ့ နည်းပြတွေကိုလည်း ရွှေ ငွေ ကြေးအလိုက် ဆုကြေးတွေ သတ်မှတ်ပေးပြီးသား ဖြစ်ပါတယ်။ ဒါတွေကို ကြီးကြီးကျယ်ကျယ်

အောင်ပွဲရ အားကစားသမားတွေကို ပထမဆု ငွေကျပ် သိန်း ၃၀၀၊ ဒုတိယဆု ငွေကျပ် သိန်း ၂၀၀၊ တတိယဆု ငွေကျပ် သိန်း ၁၀၀ ချီးမြှင့်မှာပါ။ ဒါ့အပြင် အသင်းအဖွဲ့ချုပ်တွေရဲ့ နည်းပြတွေကိုလည်း ရွှေ ငွေ ကြေးအလိုက် ဆုကြေးတွေ သတ်မှတ်ပေးပြီးသား ဖြစ်ပါတယ်။ ဒါတွေကို ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနားနဲ့ ဆောင်ရွက်ပေးသွားမှာပါ

မေ ၁၂ ရက်မှ ၂၃ ရက်အထိ  ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့နှင့်    အခြားဆက်စပ် မြို့များတွင် ကျင်းပနေသည့်   (၃၁)ကြိမ် မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာအားကစားသမား အဖွဲ့သည်  ဖိတ်ကြားခံ ပုဂ္ဂိုလ်အဖြစ် တက်ရောက်ခဲ့သည့် မြန်မာ နိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်အတူ  မေ ၂၂ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ မြန်မာ့လေကြောင်း စင်းလုံးငှား လေယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာသည်။

အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ က “ကျွန်တော့်နိုင်ငံအတွက် ကျွန်တော် တအားဂုဏ်ယူတယ်။ အဓိကနှစ်ချက်ပေါ့ ပထမတစ်ချက်က နိုင်ငံတော် အစိုးရအနေနဲ့ ယခင်နှစ်ကထက်ပိုပြီး အများကြီး အားပေးမှုတွေ  ဆောင်ရွက်ပေးပါတယ်။ ဒုတိယ တစ်ချက်ကတော့  ကစားသမားတွေဟာ မိမိနိုင်ငံနဲ့  လူမျိုးအတွက် ဂုဏ်ယူစွာနဲ့ အားသွန်ခွန်စိုက်   ပြိုင်ပွဲနောက်ဆုံး အချိန်ထိကြိုးစားကြလို့ ဒီလိုအောင်ပွဲတွေ ရခဲ့တာပါ။ ဒီလိုမျိုးဖြစ်လာတာကလည်း နိုင်ငံတော်ရဲ့ ပံ့ပိုးမှုရယ်၊ ကစားသမားတွေရဲ့ နိုင်ငံတော်အပေါ်ချစ်တဲ့စိတ်၊   လူမျိုးအပေါ် ချစ်တဲ့စိတ်နဲ့   ဆောင်ရွက်ကြလို့၊ စည်းလုံးညီညွတ်မှုရှိလို့   ထိုက်သင့်တဲ့ အောင်မြင်မှုတစ်ခု ရရှိခဲ့တာဖြစ်ပါတယ်။

အောင်ပွဲရ  အားကစားသမားတွေကို ပထမဆု  ငွေကျပ်သိန်း ၃၀၀၊ ဒုတိယဆုငွေ ကျပ်သိန်း ၂၀၀၊ တတိယဆုငွေ ကျပ်သိန်း ၁၀၀ ချီးမြှင့်မှာပါ။ ဒါ့အပြင် အသင်းအဖွဲ့ချုပ်တွေရဲ့   နည်းပြတွေကိုလည်း သပ်သပ်ဆုအလိုက် ဆုကြေးငွေ တန်ဖိုး ရွှေ၊ ငွေ၊ ကြေးအလိုက် ဆုကြေးတွေ သတ်မှတ်ပေးပြီးသားဖြစ်ပါတယ်။ ဒါတွေကို   ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနားနဲ့  ဆောင်ရွက်ပေးသွားမှာပါ”ဟု ပြောကြားခဲ့သည်။

ကာယဗလနှင့်   ကာယကြံ့ခိုင်မှု အားကစားနည်းမှ  ရွှေတံဆိပ်ဆုရှင် ရဲထွန်း နောင် (+၇၀) ကီလို က  “ရွှေတံဆိပ်ဆုရခဲ့တဲ့အတွက် အတိုင်းထက်အလွန် ဝမ်းသာရပါတယ်။ ဒီပွဲအတွက်  ပြင်ဆင်ခဲ့တာ တစ်နှစ်ခွဲနီးပါးလောက်ရှိပြီ။ လေ့ကျင့်မှုကို  အကောင်းဆုံးပြင်ဆင်တယ်။ ပြိုင်ဘက် ကစားသမားတွေကို   လေ့လာတယ်။

ကျွန်တော်တို့ အဖွဲ့ချုပ်တွေမှာ လုပ်တဲ့ပွဲ တွေမှာလည်း ပထမ နှစ်ခါလောက်ရတယ်။

ဒီပွဲကို ထိုက်ထိုက်တန်တန်နဲ့ တက်လှမ်းပြီးတော့မှ ရွှေတံဆိပ်ဆုကို ဆွတ်ခူးခဲ့တာပါ။ အရင်ပွဲတွေထက်ကို အများကြီးကြိုးစားပြီး  အပင်ပန်းခံထားရတာပါ။ ပင်ပန်းခံကြိုးစားခဲ့ပြီး   ထိုက်ထိုက်တန်တန် ရတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။

အဘက်ဘက်မှ ကူညီပေးတဲ့ ကျွန်တော့်ရဲ့ နည်းပြဆရာတွေ၊ အဖွဲ့ချုပ်က ကျွန်တော်တို့ ဥက္ကဋ္ဌ  ဦးညီညီကိုလည်း အများကြီး ကျေးဇူးတင်ပါတယ်။ နိုင်ငံ့ဂုဏ်ဆောင်နိုင်အောင် ပံ့ပိုးပေးတဲ့လူကြီးတွေ အကုန်လုံးကိုလည်း ကျေးဇူးတင်ပါတယ်”ဟု ပြောသည်။

ပီတန်းအားကစားနည်းမှ ရွှေတံဆိပ်ဆုရှင် ခင်ချယ်ရီသက်(Women Shoot-ing)က “ကြိုးစားတာကတော့ သူများ ထက်ပိုပြီးကြိုးစားခဲ့ပါတယ်။ ဒါ့ကြောင့် ရွှေတံဆိပ်ဆုကို ရရှိခဲ့တာပါ။ လာပြိုင်တဲ့  နိုင်ငံအကုန်လုံးကို ပြိုင်ဘက်အနေနဲ့ ယှဉ်ပြိုင်ခဲ့ရတာပါ။ ဆီမီးဖိုင်နယ်နဲ့ ဖိုင်နယ်မှာတော့ ကမ္ဘောဒီးယားနဲ့ လာအိုကိုယှဉ်ပြိုင်ရတာပါ။ ဒီအားကစားနည်းကို အသက် ၂၀ ကတည်းက ကစားခဲ့တာပါ။ ပြည်ပပြိုင်ပွဲတွေမှာ ကြေးတံဆိပ်ဆုတွေ ရရှိခဲ့ပါတယ်။ ရွှေတံဆိပ်က  ဒါပထမဆုံး ရရှိခဲ့တာပါ။

အခုလို ရွှေတံဆိပ်ဆု ရရှိခဲ့တဲ့အတွက် အလွန်ဝမ်းသာပါတယ်။ ကိုယ့်နိုင်ငံတော် အလံကို တခြားနိုင်ငံမှာ လွှင့်ထူပြီး သူများ နိုင်ငံသားတွေရဲ့  အလေးပြုတာကိုခံရတဲ့ အတွက်   အတိုင်းမသိကို ပီတိဖြစ်မိပါတယ်” ဟုပြောသည်။

ဝူရှူးအားကစားနည်းမှ  ရွှေတံဆိပ် ဆုရှင် သိန်းသန်းဦး(နန်းကွန့်) တုတ်ရှည်က “ဒီရွှေတံဆိပ်က ကျွန်တော့်အတွက် နှစ်ခုမြောက်ပါ။ ၂၀၁၇ တုန်းကလည်း တစ်ကြိမ် ရွှေတံဆိပ် ရခဲ့ပါတယ်။ ကျွန်တော့်ရဲ့ အဓိက ပြိုင်ဘက်က   အိမ်ရှင်ဗီယက်နမ်ရယ်၊ အင်ဒိုနီးရှားရယ်၊ သူတို့နှစ်ယောက်ထက်ကို အမှတ်အသာစီးရပြီး အခုလိုရွှေတံဆိပ်ဆု ရရှိခဲ့တာပါ။

ကျွန်တော်တို့    အခုလိုပြိုင်ခွင့်ရတာ နည်းပြတွေ၊  အုပ်ချုပ်သူတွေ၊  အစစ အရာရာ ကူညီပေးခဲ့ကြတဲ့ လူကြီးမင်းတွေကို အထူးပဲကျေးဇူးတင်ပါတယ်။  ကျွန်တော် ရွှေတံဆိပ်ရတဲ့နေ့မှာပဲ နိုင်ငံတော်ဝန်ကြီးချုပ်က ဒေါ်လာ ၃၀၀၀ ချက်ချင်း ဆုချီးမြှင့် ခဲ့ပါတယ်။ ကစားသမား သက်တမ်းကတော့၁၇ နှစ်လောက်ရှိပါတယ်” ဟုပြောသည်။

အပြည်ပြည်ဆိုင်ရာ လှေလှော်အား ကစားနည်း၊ ကိုယ်အလေးချိန်ပေါ့ အမျိုး သမီး လေးတက်လှော်ပြိုင်ပွဲ(ကြေးတံဆိပ်) အဖွဲ့ဝင် ချစ်ဖူးငုံက “အကောင်းဆုံးတော့ ကြိုးစားခဲ့ပါတယ်။ သူများနိုင်ငံမှာ သူများ လှေ၊ သူများရေနဲ့ ပြိုင်ရတာဆိုတော့ အခက် အခဲတော့ ရှိတယ်။ ကိုယ့်အားကစားသမား အချင်းချင်းပဲ အားပေးနိုင်တယ်။ ကိုယ့်မြေ နဲ့ဝေးတဲ့ အခါကျတော့ အားပေးတဲ့သူက နည်းတယ်။ ဒါပေမဲ့ နိုင်ရမယ်ဆိုပြီး စိတ်တင်းပြီး   ကိုယ့်နိုင်ငံအတွက် ရည်မှန်းပြီး ပြိုင်ပွဲဝင်ခဲ့တာပါ။ နောက်ပြိုင်ပွဲတွေမှာလည်း အခုထက်ပိုပြီး အကောင်းဆုံး ကြိုးစား သွားမှာပါ” ဟုပြောသည်။

ကာယဗလနှင့်  ကာယကြံ့ခိုင်မှုအားကစားနည်းမှ  ငွေတံဆိပ်ဆုရှင် ခင်မောင် ကျော် က “ပြိုင်ခဲ့တဲ့တန်းကတော့ 85  kg ပေါ့။ ဒုတိယရခဲ့တယ်။ ကာယဗလမောင် ပြိုင်တာပါ။ တော်တော်လေး ကြိုးစားရတယ်။ သွားပြိုင်ကတည်းကတော့ ရွှေပဲမှန်းတာပေါ့။ ကိုယ့်ထက်ပိုကောင်းတဲ့ ကမ္ဘာ့ ချန်ပီယံနဲ့ တွေ့တာပေါ့။မျိုးဆက်သစ်တွေ ဘယ်အားကစားနည်း ဖြစ်ဖြစ် ကစားစေချင်တယ်။ အားကစားဆိုတာကလည်း နောင် လာနောက်သားရှိမှ အားကစား ကဏ္ဍဖွံ့ဖြိုးမှာပါ”ဟုပြောသည်။

ဗီယက်နမ်နိုင်ငံ၌ ကျင်းပလျက်ရှိသည့် (၃၁)ကြိမ်မြောက်   အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစား နည်း ၂၀ တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မေ ၂၂ ရက်အထိ  ဗိုဗီနမ်အားကစားနည်းမှ ရွှေတံဆိပ်သုံးခု၊ ငွေတံဆိပ်သုံးခု၊ ကြေး တံဆိပ်ခြောက်ခု၊ ဝူရှူးအားကစားနည်းမှ ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်နှစ်ခု၊ ကြေး တံဆိပ်နှစ်ခု ၊ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားနည်းမှ ရွှေတံဆိပ်တစ်ခု၊ ငွေ တံဆိပ်နှစ်ခု၊ ကြေးတံဆိပ်တစ်ခု၊ Kurash အားကစားနည်းမှ ရွှေတံဆိပ်တစ်ခု၊ ငွေ တံဆိပ်တစ်ခု၊ ကြေးတံဆိပ်နှစ်ခု၊ ဘိလိယက် နှင့် စနူကာအားကစားနည်းမှ ရွှေတံဆိပ် တစ်ခု၊ ငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်တစ်ခု၊ ပိုက်ကျော်ခြင်းအားကစားနည်းမှ ရွှေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်သုံးခု၊ ပီတန်း အားကစားနည်းမှ ရွှေတံဆိပ်တစ်ခု၊ ကြေးတံဆိပ် နှစ်ခု၊ ဂျူဒိုအားကစားနည်းမှ ငွေတံဆိပ်နှစ်ခု၊ ကြေးတံဆိပ်နှစ်ခု၊   ပြေးခုန်ပစ် အားကစားနည်းမှ    ငွေတံဆိပ်နှစ်ခု၊ သေနတ်ပစ် အားကစားနည်းမှ ငွေတံဆိပ်နှစ်ခု၊ ကနူး/ကယက် အားကစားနည်းမှ ငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်ခြောက်ခု၊ တိုက်ကွမ်ဒို အားကစားနည်းမှ ငွေတံဆိပ် တစ်ခု၊ ကြေးတံဆိပ်သုံးခု၊ အပြည်ပြည်ဆိုင်ရာ လှေလှော်အားကစားနည်းမှ ကြေး တံဆိပ်သုံးခု၊ လက်ဝှေ့အားကစားနည်းမှ ငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်နှစ်ခု၊ မြားပစ် အားကစားနည်းမှ  ကြေးတံဆိပ်တစ်ခု၊ အလေးမ အားကစားနည်းမှ ကြေးတံဆိပ် တစ်ခု စုစုပေါင်း ရွှေတံဆိပ်ကိုးခု၊ ငွေတံဆိပ် ၁၈ ခု၊ ကြေးတံဆိပ် ၃၅ ခု ရရှိထားကြောင်း သိရသည်။   

နဒီမင်း