တောင်ငူမြို့၊ အခြေခံပညာ အထက်တန်းကျောင်း (နတ်စင်ကုန်း)၌ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်  

တောင်ငူမြို့၊ အခြေခံပညာ အထက်တန်းကျောင်း (နတ်စင်ကုန်း)၌ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်  

နေပြည်တော်  မေ  ၂၆

ပဲခူးတိုင်းဒေသကြီး၊   တောင်ငူမြို့၊ အခြေခံပညာ   အထက်တန်းကျောင်း (နတ်စင်ကုန်း)  ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးနှင့် ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာ သင်ကြားနိုင်ရေး အတွက် ယနေ့တွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်  ဒေသခံပြည်သူများက ပူးပေါင်း၍ ကျောင်းဝင်းအတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ စာသင်ခန်းများ အတွင်း ခြင်နိုင်ဆေးများ ဖျန်းပေးခြင်း၊ သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့်   ရေစီးရေလာ ကောင်းမွန်စေရန် ရေနုတ်မြောင်းများ  တူးဖော်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။