တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)မှ နယ်လှည့်အထူးကုဆေးအဖွဲ့ ပုလောမြို့နယ်၊ မလိကျွန်းပေါ်နှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)မှ နယ်လှည့်အထူးကုဆေးအဖွဲ့ ပုလောမြို့နယ်၊ မလိကျွန်းပေါ်နှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ မေ - ၂၉                                                                                                                                                                                                                                                               

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကမ်းရိုးတန်းဒေသများမှ ဒေသခံပြည်သူများ အား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)မှ နယ်လှည့်အထူးကုဆေးအဖွဲ့များ သည် ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ဇရပ်ဆိပ် ကျေးရွာရှိ ၁၆ ခုတင်ဆံ့မလိတိုက်နယ်ဆေးရုံ၌ အခြေပြု၍ မလိကျွန်းနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၉၆၄ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက် ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၂၈၅ ဦး၊ ခွဲစိတ်ရောဂါ ၆၃ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၁၀၂ ဦး၊ ကလေးရောဂါ ၁၃၆ ဦး၊ အရိုးရောဂါ ၈၇ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၉၁ ဦး၊ မျက်စိရောဂါ ၈၆ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၁၁၄ ဦးစုစုပေါင်း ၉၆၄  ဦးတို့ကိုလိုအပ်သည့်ဆေးဝါးကုသမှုများဆောင်ရွက်ပေးသည်။

ထို့အပြင် ခွဲစိတ်ကုသရန်လိုအပ်သူ အထွေထွေခွဲစိတ်လူနာ ၇ ဦးကို ခွဲစိတ် ကုသမှုများ ဆောင်ရွက်ပေးပြီး ဓာတ်မှန်ရိုက်လူနာ ၆၈ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၇၄ ဦး၊ ECG ဖြင့် နှလုံးစမ်းသပ်လူနာ ၁၁၃ ဦး၊  ဓာတ်ခွဲ စမ်းသပ်လူနာ ၁၃၉ ဦးနှင့် ကွန်ပျူတာ ဓာတ်မှန်ရိုက်လူနာ ၆ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။