နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက်ဖိတ်ခေါ်မှုကို ကြိုဆိုထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက် နှောင့်ယှက်မှုများကို ဆန့်ကျင်ရှုတ်ချပွဲ ပြုလုပ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက်ဖိတ်ခေါ်မှုကို ကြိုဆိုထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက် နှောင့်ယှက်မှုများကို ဆန့်ကျင်ရှုတ်ချပွဲ ပြုလုပ်

နေပြည်တော်၊ မေ - ၂၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ဖိတ်ခေါ်မှုကို ပြည်သူများက ကြိုဆိုထောက်ခံသည့်အနေဖြင့် ငြိမ်းချမ်းရေးကြိုးပမ်း ဆောင်ရွက်မှုလုပ်ငန်းများကို ကြိုဆိုထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက်နှောင့်ယှက်မှုများအား ဆန့်ကျင်ရှုတ်ချပွဲကို ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ပြည်ထောင်စုကွင်း၌ ပြုလုပ်သည်။

အဆိုပါ ကြိုဆိုထောက်ခံပွဲသို့ ငြိမ်းချမ်းရေးကို လိုလားသူပြည်သူများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူများ စုစုပေါင်းအင်အား ၂၇၈၀ ဦးခန့် တက်ရောက်ကြသည်။

ဦးစွာ တာဝန်ရှိသူများက ငြိမ်းချမ်းရေးသည် မြန်မာပြည်သူတစ်ရပ်လုံး၏ ဆန္ဒအစစ်အမှန်ဖြစ်သည်၊ တိုင်းပြည်ငြိမ်းချမ်းမှ ပြည်သူများဖွံ့ဖြိုးတိုးတက်မည်  ဟူသည့် ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးဟောပြောကြသည်။

ထို့နောက် ငြိမ်းချမ်းရေးလိုလားသူပြည်သူများက “ ပြည်ထောင်စုကြီး ငြိမ်းချမ်းရေး ဒို့အရေး၊ ပြည်ပစွက်ဖက်မှုအန္တရာယ် ဆန့်ကျင်တိုက်ဖျက်ရေး ဒို့အရေး၊ ငြိမ်းချမ်းရေးပျက်ပြားအောင် ဖျက်ဆီးနေသူများ ကျဆုံးရေး ဒို့အရေး၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲကြီး အောင်မြင်ရမည်” စသည့်ကြွေးကြော်သံများဖြင့် ကြွေးကြော်၍ ထောက်ခံပွဲကိုရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။