နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ ၂၀၂၂ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲဖွင့်ပွဲသို့ တက်ရောက်

နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ ၂၀၂၂ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲဖွင့်ပွဲသို့ တက်ရောက်

နေပြည်တော်  မေ   ၃၀

၂၀၂၂ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ လက်ဝှေ့အားကစားရုံ၌ ကျင်းပသည်။

 အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသော မန်းငြိမ်းမောင်၊  ဒေါ်အေးနုစိန်၊  Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာဗညားအောင်မိုး၊ ဦးရွှေကြိမ်းနှင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ    ဦးသာဌေး၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒေါက်တာ မျိုးသိန်းကျော်၊ ဦးမင်းသိန်းဇံ၊ ဦးရွှေလေး၊ ဦးစောထွန်းအောင်မြင့်နှင့်   ဒေါက်တာဌေးအောင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဦးစန်းလွင်၊ ဦးမြင့်စိုး၊ ဦးမျိုးလှိုင်နှင့် ဦးဇော်အေးမောင်တို့ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ပြီး ဒေသအသီးသီးရှိ တိုင်းရင်းသား အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိကာ  မျိုးဆက်သစ်ရွက်ပုန်းသီး အားကစားသမားများ ပေါ်ထွက်လာစေရန်၊ လူငယ်/လူရွယ်များ လက်ဝှေ့အားကစားနည်းကို ပိုမိုစိတ်ပါဝင်စားလာစေပြီး လက်ဝှေ့ အားကစားနည်း ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် စိတ်ဓာတ်၊ စွမ်းရည်၊ သတ္တိနှင့်ပြည့်စုံ၍ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သော နိုင်ငံ့ကိုယ်စားပြု သွေးသစ် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး   ပြိုင်ပွဲများကို ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲတွင် တရားသော ယှဉ်ပြိုင်ခြင်းဖြင့်  အနိုင်ရရှိအောင် အားကစားစိတ်ဓာတ် အပြည့်အဝဖြင့် အသန့်ရှင်းဆုံး ကြိုးစား၍ ပါဝင်ယှဉ်ပြိုင်ကြရန် လိုကြောင်း၊ မိမိတို့၏ အရည်အချင်း၊ အစွမ်းအစများကို အစွမ်းကုန်ဖော်ထုတ်ပြသပြီး  အားကစားသမားကောင်းများ ပီသစွာ သတ်မှတ်ထားသော စည်းမျဉ်း/စည်းကမ်းများကို လေးစား လိုက်နာကြစေလိုကြောင်း၊ မျိုးဆက်သစ် လူငယ်လက်ဝှေ့ အားကစားသမားကောင်းများ ဖြစ်လာအောင် ကြိုးစားအားထုတ်သွားကြရန် တိုက်တွန်းမှာကြားပြီး  လက်ဝှေ့ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။

ယင်းနောက် ပြိုင်ပွဲဝင် အားကစားသမားများက အားကစားသစ္စာ အဓိဋ္ဌာန်ရွတ်ဆို၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များနှင့်  ပြည်ထောင်စုဝန်ကြီးတို့က ပြိုင်ပွဲဝင် အားကစားသမားများကို လိုက်လံနှုတ်ဆက်သည်။

ထို့နောက် ပြိုင်ပွဲ ပွဲစဉ်အဖြစ် အမျိုးသား (၅၆)ကီလိုတန်းပြိုင်ပွဲတွင် ကရင်ပြည်နယ် အသင်းမှ  စောအတစ်နှင့် ရှမ်းပြည်နယ် အသင်းမှ ရှိုင်းငယ်တို့၏ ယှဉ်ပြိုင်ကစားနေမှုကို လည်းကောင်း၊ အမျိုးသား(၆၀)ကီလိုတန်း ပြိုင်ပွဲတွင် ကချင်ပြည်နယ်အသင်းမှ နုတ်မာရ်နှင့် ရန်ကုန်တိုင်းဒေသကြီး အသင်းမှ စောဘွယ်ကလိုတို့၏ ယှဉ်ပြိုင် ကစားနေမှုကိုလည်းကောင်း၊ အမျိုးသမီး(၄၈)ကီလိုတန်းပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီး အသင်းမှ သင်းသင်းခိုင်နှင့် တနင်္သာရီတိုင်းဒေသကြီး အသင်းမှ အေးအေးပြည့်တို့၏ ယှဉ်ပြိုင်ကစားနေမှု တို့ကိုလည်းကောင်း  ကြည့်ရှု အားပေးကြသည်။

ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေး စခန်း (Gold Camp)&Sd (Multipurpose  Hall)၌  အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ   သေနတ်ပစ် အားကစားအဖွဲ့ချုပ် နှင့် တပ်မတော်သေနတ်ပစ် ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် အပြည်ပြည်ဆိုင်ရာ သေနတ်ပစ် အားကစားနည်း သင်တန်း အမှတ်စဉ်(၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားခဲ့ကြောင်း  သိရသည်။