ဥပဒေအရာရှိ အဆင့်-၄(အစမ်းခန့်)များ လုပ်ငန်းခွင်ဝင် သင်တန်းတွင် သရုပ်ပြ တရားခွင်များ လေ့ကျင့်ဆောင်ရွက်

ဥပဒေအရာရှိ အဆင့်-၄(အစမ်းခန့်)များ လုပ်ငန်းခွင်ဝင် သင်တန်းတွင် သရုပ်ပြ တရားခွင်များ လေ့ကျင့်ဆောင်ရွက်

နေပြည်တော် မေ ၃၀

ဥပဒေရေးရာဝန်ကြီးဌာနသည် အသစ်ရွေးချယ်ခန့်ထားပြီးသော ဥပဒေအရာရှိ ၁၀၀ ဦးအား လေ့ကျင့်သင်ကြားရန် ဥပဒေအရာရှိအဆင့်-၄ (အစမ်းခန့်)များ လုပ်ငန်းခွင်ဝင် သင်တန်း  အမှတ်စဉ် ၁/၂၀၂၂ ကို မတ် ၂၉ ရက်မှ မေ ၃၁ ရက်အထိ ဖွင့်လှစ် ပို့ချလျက်ရှိရာ သင်တန်းသား ဥပဒေအရာရှိများအား သင်တန်းကာလတစ်လျှောက် မှတ်သားနာယူ     လေ့လာခဲ့ရသည်များကို လက်တွေ့အသုံးချ ဆောင်ရွက်နိုင်စေရေးနှင့် တာဝန်ကျရာ ဥပဒေရုံး အသီးသီးတွင် နိုင်ငံတော်ဘက်မှ အမှုလိုက်ပါ ဆောင်ရွက်ခြင်း တာဝန်ကို လက်တွေ့အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်နိုင်စေရေး အတွက် သရုပ်ပြတရားခွင် (Moot Court)ကို အမှုလိုက် အတွေ့အကြုံများစွာရှိသည့်  အရာရှိကြီးများ ကိုယ်တိုင်ပါဝင် ဦးဆောင်ပြီး လေ့ကျင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။