ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် Kahoot Quiz Game ပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပ

ဘားအံ၊ လူမှုရေး

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် Kahoot Quiz Game ပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပ

ကရင်ပြည်နယ် ဘားအံမြို့တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် ကရင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့  ပူးပေါင်း၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် “Only One Earth” Kahoot Quiz Game ပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ဘားအံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုပေါင်းခန်းမ၌  မေ ၂၉ ရက် နံနက်ပိုင်းတွင် ကျင်းပသည်။

ရှေးဦးစွာ ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းနှင့် ကရင်ပြည်နယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန ဦးစီးမှူး ဦးအောင်သူကျော်တို့က အမှာစကားပြောကြားသည်။ ထို့နောက် ကရင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်း အဖွဲ့ဝင် ဦးစောအောင်ဘက ပြိုင်ပွဲနှင့်ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြိုင်ပွဲအားကျင်းပရာ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး အထိမ်းအမှတ်နေ့နှင့်ပတ်သက်သည့် သိမှတ်ဖွယ်ရာ ဗဟုသုတ များကို Kahoot Quiz Game ဖြင့် ပြုလုပ်ရာ ဘားအံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃၃ ဦး ပါဝင်ယှဉ်ပြိုင်ကြသည်။

ယင်းနောက် ပြိုင်ပွဲတွင် အထူးဆုရရှိသူများအား ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင်သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းနှင့် တာဝန်ရှိ သူများက ဆုများပေးအပ်ပြီး ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူတို့အား ဇွန် ၅ ရက်တွင်ပြုလုပ်မည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်း ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဆုများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။                        

မျိုးမျိုး