နောင်ချိုမြို့၊ မြို့နယ် ပညာရေးမှူးရုံး၊ နှစ်ထပ်ကျောင်းဆောင် အစည်းအဝေးခန်းမအား PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့မှုအပေါ် သဘောထားထုတ်ပြန်ချက်များထုတ်ပြန်

နောင်ချိုမြို့၊ မြို့နယ် ပညာရေးမှူးရုံး၊ နှစ်ထပ်ကျောင်းဆောင် အစည်းအဝေးခန်းမအား PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့မှုအပေါ် သဘောထားထုတ်ပြန်ချက်များထုတ်ပြန်

၂၀၂၂ ခုနှစ် မေလ ၃၁ ရက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့၊ မြို့နယ် ပညာရေးမှူးရုံး၊ နှစ်ထပ်ကျောင်းဆောင် အစည်းအဝေးခန်းမအား NUG အမည်ခံ အကြမ်းဖက်အဖွဲ့နှင့် ၎င်း၏ လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့သည်။

အဆိုပါ မိုင်းဖောက်ခွဲမှုကြောင့် အခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ်ကြီး ၃ ဦး မိုင်းစထိမှန်စိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်းနှင့် လက်ထောက်မြို့နယ်ပညာရေးမှူး အပါအဝင် ကျောင်းအုပ်၊ ဆရာ၊ ဆရာမ ၄ ဦးနှင့် အရပ်သားဝန်ထမ်း ၁ ဦးတို့ မစိုးရိမ်ရ ဒဏ်ရာများရရှိခဲ့ကြောင်း၊ ဒဏ်ရာရသူများအား ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်၍ ဆေးဝါးကုသပေးလျက်ရှိပြီး ကျောင်းအုပ်ဆရာမကြီးတစ်ဦးမှာ ရရှိဒဏ်ရာ များဖြင့် သေဆုံးသွားခဲ့ရသည်။

၎င်းအဖျက်လုပ်ရပ်နှင့် ပတ်သက်၍ ယနေ့တွင် ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း YMBA (ဗဟို)၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) နှင့် မြန်မာ နိုင်ငံဟာသပညာရှင်များအစည်းအရုံး(ဗဟို)တို့ကပြင်းထန်စွာရှုတ်ချကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ချက်များကို အသီးသီး ထုတ်ပြန် ခဲ့ကြောင်းသတင်းရရှိသည်။